Follow Me on Twitter

Pages

Friday, December 26, 2014

ငါ့မာနနှင်းဆီ

အချစ်တစ်ခုရဲ့ ခြေတော်ရင်း
ကျပျောက်သွားခဲ့တဲ့ ငါ့မာနနှင်းဆီ
မနက်က ငါ ပြန်ရှာတွေ့လိုက်ပြီ
ရှာတွေ့ခြင်းအထိမ်းအမှတ်အနေနဲ့
ဖိနပ်ဝယ်ခိုင်းခဲ့ဖူးတဲ့ ငါ့ချစ်သူ
သူ့ကို အိပ်မက်မမက်ရကောင်းလားဆိုပြီး
ခဏ ခဏ အမျက်တော်ရှလွန်းတဲ့ စုဖုရား
ဥမ္မာဒန္တီဖြစ်ချင်လွန်းတဲ့ ငါ့ရည်းစား
အားလုံး အားလုံး အားလုံးကို
မနက်ကပဲ သုဿာန်ထုတ်ပစ်လိုက်တယ်
ဘာလဲ . . . . . . .?
ရည်မှန်းချက်ကြီးမားသော အခွင့်အရေးသမားဆိုပြီး
စစ်သူကြီး နပိုလီယံအတွက်
ကမ္ဘာ့သမိုင်းဆရာတွေရဲ့ မှတ်ချက်နဲ့
ငါ့ကို ထိုးနက်ချင်သေးသလား
လာခဲ့စမ်းပါ
ဘုရားဆိုသူတွေရဲ့
စကားလုံးအကြီးကြီးတွေကို ခဏငှါးပြီး
အသေထုသတ်ပစ်မယ် ………။

0 comments:

Post a Comment