Follow Me on Twitter

Pages

Friday, December 26, 2014

ဗလာ ည

လွမ်းစရာမရှိပဲ လွမ်းနေရတာ
အရမ်းပင်ပန်းတာပဲ
စာမပါတဲ့ စာအိတ်ကို
ခဏခဏ ဖောက်ဖတ်နေရသလိုပဲ
ကော်ဖီနဲ့ ဘီယာကိုသာ
ရောသောက်ပစ်ချင်တော့တယ်
ခေါင်းအုံးစွပ်မပါတဲ့ ခေါင်းအုံးနဲ့
တစ်ခါတစ်လေ အိပ်ခဲ့ဖူးမယ်ဆိုရင်
ငါ့အလွမ်းကို နင်မြတ်နိုးမိမှာပါ
ပြီးတော့ ………….
စာနာနားလည်ပေးတတ်မှာပါ
လိပ်ပြာကလေးရယ်
ငါ့အိပ်မက်ထဲ ပျံခဲ့ပါ
မီးပိတ်ပြီး ငါမအိပ်တတ်ပေမယ့်
မီးပိတ်ပြီးအိပ်တတ်အောင် ငါကြိုးစားပါ့မယ် ...။

0 comments:

Post a Comment