ကံဆိုတာ ရှိသလား
ထာဝရဘုရားသခင်ကိုကော ဘယ်လိုယုံရမှာလဲ
တွေးမိတိုင်း မသဲမကွဲပါပဲ
နူးညံ့သိမ်မွေ့လွန်းတဲ့ ဘဝတစ်ခုနဲ့
ကြမ်းတမ်းရက်စက်လွန်းတဲ့ လောက
ဘယ်လိုမှ သဟဇာတမဖြစ်လို့
အချစ်ကို ရှာတယ် မေတ္တာမတွေ့ဘူး
မသဲမကွဲတွေကြားမှာ လျှပ်တပြက်လင်းလက်
ရဲဘော်ရဲဘက်ဆိုတဲ့သူငယ်ချင်းတွေနဲ့ ချိတ်ဆက်လို့
စိတ်ဓာတ်ခွန်အားလေးတွေ တက်နေတုန်း
ဝုန်းဆို . . . . . . . . . . .
လက်သီးပုန်းနဲ့ အလစ်ထိုးခံလိုက်ရတယ်
သူတို့ ငါ့အပေါ်မရိုးသားကြဘူး
ငါ့ကို ကွန်မြူနစ်အဖြစ် ထုဆစ်နေကြသလားမသိပါဘူး
ကြည့်လေ . . . ဆရာဆိုလဲ ဟုတ်ရဲ့
ခေါင်းဆောင်ဆိုလဲ မှန်ရဲ့
ကျေးဇူးတရားဆိုတဲ့ ဝေါဟာရကြီးနဲ့
နယ်ပယ်ချဲ့ထွင်ထားလိုက်တာကလဲ အနန္တစကြာဝဠာ
ကိုယ်နဲ့ ကိုယ့်မိသားစုကောင်းစားရေးဆိုတဲ့
အတ္တလိပ်ခေါင်းအကြီးကြီးကတော့ စူထွက်လို့
ရှက်လဲမရှက်ကြဘူး
သြော် . . . ပြောရဦးမယ်
အဲဒီလိပ်ခေါင်းကြီးကို ပူဇော်ပသမှုမပြုလို့တဲ့
ငါ့ကို သုဿာန်ထုတ်ပစ်လိုက်ကြတယ်
တိုးတိုးကလေး မေးစမ်းပါရစေ
အများရဲ့ဆန္ဒကို ဥပေက္ခာပြု
ကိုယ့်မိသားစုကွက်ကွက်လေးအတွက်သာ ရှေ့ရှု
အများကို ကိုယ်စားပြုသူတွေကိုတော့ ဖိထောင်း
ဒါ . . . ခေါင်းဆောင်ကောင်းလား
လူငယ်ဆိုတာ လူကြီးတွေရဲ့ကစားကွက်လား
ဒါတော့ လုံးဝမတရားပါဘူး
လူကြီးနဲ့လူငယ်ကြားက ကျေးဇူးတရားကိုတော့
ချွင်းချက်မရှိ အသိအမှတ်ပြုပါတယ်
ဒါပေမယ့် အဲဒီကျေးဇူးတရားကို
ကိုယ့်မိသားစုစနစ်ထဲ ကန်သွင်း
ကိုယ့်အတွေးအမြင်ဓားတုံးတုံးကြီးနဲ့ ခုတ်ဖြတ်
ခြေနင်းခုံနေရာမှာ ခုတုံးလုပ်
ထဘီနဲ့အုပ်ချင်တဲ့ အကြံအစည်က်ုတော့ ရွံတယ်
တောက် . . .တွေးတိုင်း စိတ်ပေါက်တယ်
မင်းတို့သာ တကယ်ရိုးသားပေးမယ်ဆိုရင်
နည်းမှား လမ်းမှား စနစ်မှား အကျင့်မှားတွေနဲ့
အားလုံး ကစင့်ကလျားဖြစ်နေပါစေ
ငါ ငရဲသွားပေးနိုင်တယ်
ငါ့ကိုသာ မင်းတို့ဇယားမဆွဲပါနဲ့
ဘဝပေးတာဝန်နဲ့ အခြေအနေအရ
အများရဲ့ လှည်းကျိုးကိုပဲ ထမ်းမယ်
မင်းတို့ရဲ့အတ္တထမ်းပိုးကိုတော့ မထမ်းဘူး စိတ်ချ
ငါ့ဘဝနဲ့ ငါ လှပစ်လိုက်မယ် . . . . .။
ထာဝရဘုရားသခင်ကိုကော ဘယ်လိုယုံရမှာလဲ
တွေးမိတိုင်း မသဲမကွဲပါပဲ
နူးညံ့သိမ်မွေ့လွန်းတဲ့ ဘဝတစ်ခုနဲ့
ကြမ်းတမ်းရက်စက်လွန်းတဲ့ လောက
ဘယ်လိုမှ သဟဇာတမဖြစ်လို့
အချစ်ကို ရှာတယ် မေတ္တာမတွေ့ဘူး
မသဲမကွဲတွေကြားမှာ လျှပ်တပြက်လင်းလက်
ရဲဘော်ရဲဘက်ဆိုတဲ့သူငယ်ချင်းတွေနဲ့ ချိတ်ဆက်လို့
စိတ်ဓာတ်ခွန်အားလေးတွေ တက်နေတုန်း
ဝုန်းဆို . . . . . . . . . . .
လက်သီးပုန်းနဲ့ အလစ်ထိုးခံလိုက်ရတယ်
သူတို့ ငါ့အပေါ်မရိုးသားကြဘူး
ငါ့ကို ကွန်မြူနစ်အဖြစ် ထုဆစ်နေကြသလားမသိပါဘူး
ကြည့်လေ . . . ဆရာဆိုလဲ ဟုတ်ရဲ့
ခေါင်းဆောင်ဆိုလဲ မှန်ရဲ့
ကျေးဇူးတရားဆိုတဲ့ ဝေါဟာရကြီးနဲ့
နယ်ပယ်ချဲ့ထွင်ထားလိုက်တာကလဲ အနန္တစကြာဝဠာ
ကိုယ်နဲ့ ကိုယ့်မိသားစုကောင်းစားရေးဆိုတဲ့
အတ္တလိပ်ခေါင်းအကြီးကြီးကတော့ စူထွက်လို့
ရှက်လဲမရှက်ကြဘူး
သြော် . . . ပြောရဦးမယ်
အဲဒီလိပ်ခေါင်းကြီးကို ပူဇော်ပသမှုမပြုလို့တဲ့
ငါ့ကို သုဿာန်ထုတ်ပစ်လိုက်ကြတယ်
တိုးတိုးကလေး မေးစမ်းပါရစေ
အများရဲ့ဆန္ဒကို ဥပေက္ခာပြု
ကိုယ့်မိသားစုကွက်ကွက်လေးအတွက်သာ ရှေ့ရှု
အများကို ကိုယ်စားပြုသူတွေကိုတော့ ဖိထောင်း
ဒါ . . . ခေါင်းဆောင်ကောင်းလား
လူငယ်ဆိုတာ လူကြီးတွေရဲ့ကစားကွက်လား
ဒါတော့ လုံးဝမတရားပါဘူး
လူကြီးနဲ့လူငယ်ကြားက ကျေးဇူးတရားကိုတော့
ချွင်းချက်မရှိ အသိအမှတ်ပြုပါတယ်
ဒါပေမယ့် အဲဒီကျေးဇူးတရားကို
ကိုယ့်မိသားစုစနစ်ထဲ ကန်သွင်း
ကိုယ့်အတွေးအမြင်ဓားတုံးတုံးကြီးနဲ့ ခုတ်ဖြတ်
ခြေနင်းခုံနေရာမှာ ခုတုံးလုပ်
ထဘီနဲ့အုပ်ချင်တဲ့ အကြံအစည်က်ုတော့ ရွံတယ်
တောက် . . .တွေးတိုင်း စိတ်ပေါက်တယ်
မင်းတို့သာ တကယ်ရိုးသားပေးမယ်ဆိုရင်
နည်းမှား လမ်းမှား စနစ်မှား အကျင့်မှားတွေနဲ့
အားလုံး ကစင့်ကလျားဖြစ်နေပါစေ
ငါ ငရဲသွားပေးနိုင်တယ်
ငါ့ကိုသာ မင်းတို့ဇယားမဆွဲပါနဲ့
ဘဝပေးတာဝန်နဲ့ အခြေအနေအရ
အများရဲ့ လှည်းကျိုးကိုပဲ ထမ်းမယ်
မင်းတို့ရဲ့အတ္တထမ်းပိုးကိုတော့ မထမ်းဘူး စိတ်ချ
ငါ့ဘဝနဲ့ ငါ လှပစ်လိုက်မယ် . . . . .။
0 comments:
Post a Comment