အိမ်အပြန်မှာ
လေဆန်ကိုဖြတ် ၊ တောင်ပံခတ်လျှက်
မတ်မတ်တန်းတန်း ၊ မြူးစွာလှမ်းစဉ်
လမ်းမ အလယ် ၊ ကလေးငယ်က
လေးခွနှင့်ခဲ ၊ သေချာဆွဲသော်
သွေးရဲသံရဲ ၊ ရင်အုံကွဲ၍
လေထဲတောင်ပံ ၊ မူမဟန်ဘဲ
ကျွမ်းပြန်ဇောက်ထိုး ၊ လည်တိုင်ကျိုးကာ
ရိုးတိုးရစ်တစ် ၊ သေလုဖြစ်လည်း
သစ်ပင်ထိပ်ဖျား ၊ သစ်ခေါင်းကြားမှ
သားတို့အော်မြည် ၊ တကျီကျီကြောင့်
ရွှင်ကြည်သောဇော ၊ မိန်းမောခြင်းမေ့
ရင်ငွေ့ပေးရန် ၊ သူ့တောင်ပံကို
ခတ်သံပြင်းပြင်း ၊ မာန်ဟုန်သွင်းလျှက်
အားတင်းပျံသန်းခဲ့လေခြင်း ...။
အားတင်းပျံသန်း ၊ သွေးစက်လွှမ်းလည်း
သေလမ်းကိုပူ ၊ မညည်းညူအား
သစ်ခေါင်းကြားမှ ၊ သားတွေကိုချီ
ရင်အုံဆီဝှက် ၊ သိမ်းဖက်တောင်ပံ
ချော့မြည်သံပေး ၊ နွေးနွေးထွေးရင်း
တရေးမနိုး ၊ ထွက်သက်တိုးပြီ
သြော်.............................
ဒီမိုး ချုပ်ခဲ့ပြန်ပကော ........။
---------------------------------------------------
( မဲဇာအရပ်ရှိ ထိုးကျတောင်မှအပြန် ရေးဖွဲ့သည် ..)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment