Follow Me on Twitter

Pages

Wednesday, February 13, 2013

လဲသေလိုက်ပေါ့

ဒီမှာ မိရွှေချော
ချစ်မေတ္တာ ရေစင်နှောလို့
တို့ပြောမယ် ဒီကိုလာ ၊


အရာရာ အကြိုက်ပေးလို့
ပိုက်ထွေးမှုကို မျှော်တဲ့
မျက်နှာတော် အဖွဲ့အနွဲ့ကိုတော့
ခွါချခဲ့ကွာ ၊

သူများတကာ လာချော့ဖို့
ရေမျှော့လို့ ပျော့စိစိနဲ့
အလုပ်မရှိ အလုပ်ရှာ
စူပုပ်နေတာတွေ တော်တော့ ၊

အားအင်တွေ ရှိပါလျှက်နဲ့
မျက်နှာရိပ် အမူအရာပြလို့
'' ဟင့်အင်း မောင်ထူမှ ထမယ် "ဆိုရင်တော့
လဲသေလိုက်ပေါ့ .....။

1 comments:

  1. ကောင်းလိုက်တဲ့ ကဗျာလေးနော်

    ReplyDelete