Wednesday, December 24, 2014
** လူကောင်း စာတတ် ဖြစ်ကြစေ **
ဘုရား တရား သံဃာများရဲ့
ကိုးပါး ခြောက်ပါး ဂုဏ်တော်တွေ ၊
နှလုံးအိမ်ဆီ ရောက်အောင် ပို့လို့
နေ့စဉ်ရိုကျို့ ရှိခိုးလေ ။
လူ့လောကတွင် လူပီသဖို့
ကိုယ်ကျင့်သီလ ရှိအောင် နေ ၊
ငါးပါးပဉ္စသီ ပြစ်အကျိုးကို
သိ၍ တိုးလို့ ကျင့်တတ်စေ ။
ကုသိုလ်ပြုလျှင် မမေ့ကောင်းတဲ့
ဆုတောင်းသမျှ ဣဒံ မေ ၊
ပုညံ နိဗ္ဗာန် ပစ္စယောလို့
ဖြောင့်ဖြောင့်သဘော ထားတတ်စေ ။
အမျိုးဘာသာ ဂုဏ်မညှိုးဖို့
တန်ဘိုးသိအောင် လေ့လာလေ၊
ဖတ်ဖို့စာတွေ အကုန်ဖတ်လို့
လူကောင်း စာတတ် ဖြစ်ကြစေ ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment