ကြည့်စမ်းဒီမှာ
မြက်ပြာတောက ၊ သဲဖြူရွခင်း
အမျှင်ပိုက်ထွေး ၊ လမ်းကလေးလေ ။
လမ်းလျှောက်လို့လာ ၊ မေ့မှာနွမ်းယဲ့
ကြောက်အားနွဲ့ပြီး ၊ ငိုမဲ့ချင်တုန်း
အတင်းပြုံးလဲ ၊ ခွေနှုံးပါပြီ
ဖော်လဲမှီနိုင် ၊ ဟိုဆီချိုး၍
ဒီမှာကွေ့ခဲ့ ၊ ပြေး၍လျှောက်လာ
ခုထိပါကွယ် ။
ပုရစ်ပေါ်လို့
ရွက်ရော်ရွှေလိပ် ၊ မြေမှာအိပ်ပြီ
တိုးတိတ်ငှက်ဖို ၊ သီချင်းဆိုစဉ်
သစ်ပျိုကိုင်းကြား ၊ ငုံ့လျှိုးသွားခဲ့
မြသားမိုးခြေ ၊ ပူသည့်နေအောက်
နွေပွင့်ကိုခူး ၊ နွေလေရူးမှာ
နွေဦးကိုလည်း တွေ့ခဲ့ပါရဲ့ ။
သစ်ညွှန့်ထွက်၍
ရှုပ်ယှက်လမ်းမှာ ၊ မြရွက်ကာဆီး
နွယ်ညှာကိုစမ်း ၊ မမြင်ကမ်းနှင့်
တိမ်ပန်းလျှပ်စက် ၊ မှောင်မှာပျက်တုန်း
လေသက်မုန်တိုင်း ၊ သစ်ကိုင်းကျိုးကျွတ်
ပစ်ခတ်ထက်ချွန် ၊ ငွေမြားတံတွေ
သည်းထန်မိုးကို တိုးခဲ့တယ်မောင် ။
မိုးတိမ်လေးတွဲ့
လေအေးမြောက်ပြန် ၊ နှင်းသွန်ဆို့ပိတ်
ကိုင်းထိပ်သစ်ပင် ၊ ညှို့ညှို့မြင်ရ
ပင်ပေါ်ပန်းပွင့် ၊ ဆောင်းလေသင့်မှာ
ရှူ ပင့်သက်ဖို ၊ မေ့တစ်ကိုယ်လေ
စွတ်စိုချမ်းတုန် ၊ နှင်းမှုန်မှုန်တို့
ဖုံသည့်လမ်းမှာ ပန်းခဲ့ပါရှင့် ။
လက်ကမ်းပါမောင်
ညင်သာမွေ့မွေ့ ၊ အဖော်တွေ့ကြောင့်
ဆွေ့ဆွေ့ခုန်ပေါက် ၊ လမ်းဆက်လျှောက်မယ်
နှစ်ယောက်လက်တွဲ ၊ တအားပဲဟင်
သဲလမ်းကျဉ်းကျဉ်း ၊ လမ်းလျှောက်ရင်းကို
သီချင်းကြော်ကြော် ၊ အော်ဆိုရအောင်
ချိုမြမျက်ရည် ၊ ပျော်လို့လည်မိ
ဒီလမ်းအဆုံး ၊ တုံးမှတ်တိုင်ထိ
ပွေ့ကိုင်ဖေးကာ ၊ စောင့်ခေါ်ပါနော် ။
ကြည်အေး(တာရာမဂ္ဂဇင်း၊ ၁၉၄၉)
ကြောက်အားနွဲ့ပြီး ၊ ငိုမဲ့ချင်တုန်း
အတင်းပြုံးလဲ ၊ ခွေနှုံးပါပြီ
ဖော်လဲမှီနိုင် ၊ ဟိုဆီချိုး၍
ဒီမှာကွေ့ခဲ့ ၊ ပြေး၍လျှောက်လာ
ခုထိပါကွယ် ။
ပုရစ်ပေါ်လို့
ရွက်ရော်ရွှေလိပ် ၊ မြေမှာအိပ်ပြီ
တိုးတိတ်ငှက်ဖို ၊ သီချင်းဆိုစဉ်
သစ်ပျိုကိုင်းကြား ၊ ငုံ့လျှိုးသွားခဲ့
မြသားမိုးခြေ ၊ ပူသည့်နေအောက်
နွေပွင့်ကိုခူး ၊ နွေလေရူးမှာ
နွေဦးကိုလည်း တွေ့ခဲ့ပါရဲ့ ။
သစ်ညွှန့်ထွက်၍
ရှုပ်ယှက်လမ်းမှာ ၊ မြရွက်ကာဆီး
နွယ်ညှာကိုစမ်း ၊ မမြင်ကမ်းနှင့်
တိမ်ပန်းလျှပ်စက် ၊ မှောင်မှာပျက်တုန်း
လေသက်မုန်တိုင်း ၊ သစ်ကိုင်းကျိုးကျွတ်
ပစ်ခတ်ထက်ချွန် ၊ ငွေမြားတံတွေ
သည်းထန်မိုးကို တိုးခဲ့တယ်မောင် ။
မိုးတိမ်လေးတွဲ့
လေအေးမြောက်ပြန် ၊ နှင်းသွန်ဆို့ပိတ်
ကိုင်းထိပ်သစ်ပင် ၊ ညှို့ညှို့မြင်ရ
ပင်ပေါ်ပန်းပွင့် ၊ ဆောင်းလေသင့်မှာ
ရှူ ပင့်သက်ဖို ၊ မေ့တစ်ကိုယ်လေ
စွတ်စိုချမ်းတုန် ၊ နှင်းမှုန်မှုန်တို့
ဖုံသည့်လမ်းမှာ ပန်းခဲ့ပါရှင့် ။
လက်ကမ်းပါမောင်
ညင်သာမွေ့မွေ့ ၊ အဖော်တွေ့ကြောင့်
ဆွေ့ဆွေ့ခုန်ပေါက် ၊ လမ်းဆက်လျှောက်မယ်
နှစ်ယောက်လက်တွဲ ၊ တအားပဲဟင်
သဲလမ်းကျဉ်းကျဉ်း ၊ လမ်းလျှောက်ရင်းကို
သီချင်းကြော်ကြော် ၊ အော်ဆိုရအောင်
ချိုမြမျက်ရည် ၊ ပျော်လို့လည်မိ
ဒီလမ်းအဆုံး ၊ တုံးမှတ်တိုင်ထိ
ပွေ့ကိုင်ဖေးကာ ၊ စောင့်ခေါ်ပါနော် ။
ကြည်အေး(တာရာမဂ္ဂဇင်း၊ ၁၉၄၉)
0 comments:
Post a Comment