Follow Me on Twitter

Pages

Wednesday, December 24, 2014

ဆောင်းရာသီရဲ့ သဘင်



ဆောင်းရောက်ပြီလေ
ရာသီစိုစွတ် ၊ မိုးလေလွတ်၍
နှင်းဆွတ်နတ်တော် ၊ ပုရစ်အော်စဉ်
တောတွင်ပျော်ကြ ၊ ငါ့မိဘတို့
လမ်းစမရှိ ၊ ခြုံအိအိမှာ
ကြည့်စမ်းကြည့်စမ်း ၊ ခိုက်ခိုက်ချမ်းလည်း
ကိုင်းတန်းသစ်ငုတ် ၊ အမြစ်ပြုတ်အောင်
ခုတ်၍ခုတ်၍ ၊ ထွန်သွားမွေ့လျှက်
မျိုးစေ့ချရာ ၊ မြေရိုင်းလွှာကို
နောင် လာ တစ်ခေတ် ၊ စိုက်ပျိုးဖြစ်အောင်
အားသစ်ကိုဆင် ၊ ယာသစ်ထွင် သည်
နေဝင် သည်ထိတိုင် ။

ကြည့်စမ်းကြည့်စမ်း ၊ နေ ရောင် ဆမ်း၍
အချမ်းလည်းပြေ ၊ မြေခဲကြေ သော်
အဆွေယောက်ျား ၊ ကိုင်းသမားလည်း
နားချိန်ကိုတွက် ၊ ထွန်တုံးဖျက်ကာ
ချိုးငှက်လည်းကူ ၊ ဘုတ်လည်းပူသည့်
ဂမူတောင်စောင်း ၊ မီးပုံဟောင်းမှာ
ရွယ်ကောင်းတင့်တယ် ၊ အိမ် ရှင့်မယ်၏
စားဖွယ်သောက်ဖို့ ၊ လာအပို့ကို
လာနို့လာနိုး ၊ စောင့်မျှော်ကိုးသည်
ရွာရိုးမကြည့် မနေနိုင် ။
သြော် ....တောမှာမွေး၍
တောဓလေ့နှင့် ၊ တောငွေ့ကိုခင်
တောတွင်ပျော်ကြ ၊ ငါ့မိဘတို့
ဆောင်းလပီပီ ၊ ဒီရာသီ၌
ချမ်းအေးလိုက်ပုံ ၊ ခိုက်ခိုက်တုံလည်း
ရေကုန်ရေခမ်း ၊ ပင်ပင်ပန်းနှင့်
စွမ်းရာဘက်က ၊ ဝန်ထမ်းကြလျှက်
ရသည့်သီးနှံ ၊ မြဲမြဲမြံလျှင်
သမ္မာဇီဝ ၊ ဖြစ် ရဖို့တွေး
အသက်မွေးသည်
မလေးစားပဲ မနေနိုင်........။

0 comments:

Post a Comment