Follow Me on Twitter

Pages

Saturday, December 27, 2014

ပန်းနေကြာရဲ့ ဇာတ်ညွှန်း


ဝေမပျက်ပါဘူး
နေထွက်ရာ ဗဟိုပြုတဲ့
ဝါနုနု နေကြာပင် ၊

ဒေါသမာန် ကဆုန်စိုင်းလို့
မုန်တိုင်းလေ ဘယ်ညာခတ်ပေမယ့်
ခေါင်းမတ်ပုံ လည်မရွေ့
မာပါပေ့ အစဉ် ၊

မိုးသီးစုံ ၀ဲပျံလို့
သည်းထန်စွာ ရွာကာချစေတော့
အရှေ့မှ အရှေ့ပင်
မျက်နှာပြင် နောက်မလှည့် ၊

မာန်မတက်ပါဘူး
ဟန်မပျက် တင်းခံလို့
လောကဓံ ဘယ်ညာရမ်းစေတော့
သူ့လမ်းမှာ သူ့သိက္ခာနဲ့
သူ့သစ္စာ သူမဖောက်တယ်
အံ့လောက်ပါရဲ့...........။

0 comments:

Post a Comment