နေထွက်ရာ ဗဟိုပြုတဲ့
ဝါနုနု နေကြာပင် ၊
ဒေါသမာန် ကဆုန်စိုင်းလို့
မုန်တိုင်းလေ ဘယ်ညာခတ်ပေမယ့်
ခေါင်းမတ်ပုံ လည်မရွေ့
မာပါပေ့ အစဉ် ၊
မိုးသီးစုံ ဝဲပျံလို့
သည်းထန်စွာ ရွာကာချစေတော့
အရှေ့မှ အရှေ့ပင်
မျက်နှာပြင် နောက်မလှည့် ၊
မာန်မတက်ပါဘူး
ဟန်မပျက် တင်းခံလို့
လောကဓံ ဘယ်ညာရမ်းစေတော့
သူ့လမ်းမှာ သူ့သိက္ခာနဲ့
သူ့သစ္စာ သူမဖောက်တယ်
အံ့လောက်ပါရဲ့...........။











0 comments:
Post a Comment