ဧည့်သည်ပြန်လျှင်
ရှိုက်သံတိတ်ဆိတ် ၊ ကိုယ်စီအိပ်၍
မြိုသိပ်နေရစ်စေသတည်း ။
ခရီးတစ်ဝက် ၊ ရေတစ်ခွက်ကို
တွယ်ဖက်ခပ်ယူ ၊ သောက်သုံးသူမို့
တို့ဟူသည်က ၊ မဆွေးကြပါ ။
ခရီးတစ်ကွေ့၊ အရိပ်တွေ့၍
ပျော်မွေ့ခိုစမ်း ၊ မဆုံးလမ်းမို့
စံမြန်းရှည်ကြာ ၊ မနေသာချေ ။
ခရီးကြမ်းကြမ်း ၊ ခရောင်းလမ်းမို့
ရွက်ထမ်းဖေးမ ၊ ကူညီကြလည်း
အချက်ပြလက်ပြ ၊ နုတ်ဆက်ရမည် ။
ဧည့်သည်ပြန်လျှင်
ရှိုက်သံတိတ်ဆိတ် ၊ ကိုယ်စီအိပ်၍
မြိုသိပ်နေရစ်စေသတည်း ........။
Saturday, February 9, 2013
ဟိုးထားနော်
ကျောက်ဆစ်ရုပ် မဟုတ်ပါဘူး
ရင်ခုန်လုပ်ရှားတတ်သူပါ ၊
ဘဝပန်း ပီပီမို့
ခပ်တည်တည် ဖြစ်နေတတ်ပေမယ့်
ရင်ဘတ်မှာ ယောက်ယက်ခတ်လို့
ချစ်တတ်တယ်ဟာ ၊
မခို့တရို့မျက်နှာနဲ့
ရှပ်ပြာပြာ တမင်လုပ်လို့
အရုပ်လို သဘောထားပြီး
မကျီစားပါနဲ့ကွာ
တွယ်တာမိမှာ စိုး ၊
မိုးကောင်းကင် ဟိုးအထက်က
မောင်နှံငှက် မေတ္တာနဲ့
သစ္စာကို အားကျပေမယ့်
လွမ်းရမှာ တကယ်ကြောက်သူမို့
ပါရဂူမြောက်တဲ့ စနစ်တွေနဲ့
အချစ်တွေ လာမခိုးနဲ့
ဟိုးထားနော် . . . ဟိုး လူဆိုး . . . ။
ရင်ခုန်လုပ်ရှားတတ်သူပါ ၊
ဘဝပန်း ပီပီမို့
ခပ်တည်တည် ဖြစ်နေတတ်ပေမယ့်
ရင်ဘတ်မှာ ယောက်ယက်ခတ်လို့
ချစ်တတ်တယ်ဟာ ၊
မခို့တရို့မျက်နှာနဲ့
ရှပ်ပြာပြာ တမင်လုပ်လို့
အရုပ်လို သဘောထားပြီး
မကျီစားပါနဲ့ကွာ
တွယ်တာမိမှာ စိုး ၊
မိုးကောင်းကင် ဟိုးအထက်က
မောင်နှံငှက် မေတ္တာနဲ့
သစ္စာကို အားကျပေမယ့်
လွမ်းရမှာ တကယ်ကြောက်သူမို့
ပါရဂူမြောက်တဲ့ စနစ်တွေနဲ့
အချစ်တွေ လာမခိုးနဲ့
ဟိုးထားနော် . . . ဟိုး လူဆိုး . . . ။
Labels:
ကဗျာအိမ်
အိပ်မက်နတ်သမီး
မထင်မှတ်ပါပဲ
ရင်ဘတ်ထဲ ကြွေလာသူ ၊
အရိပ်ကလေးပေမို့
စိတ်အတွေး ချိုမြမြနဲ့
ကိုယ်က ကောက်အယူ ၊
အရိပ်ပန်းငယ်ကလေးက
အရှက်သွေးပက်ဖြန်းလို့
နုတ်ခမ်းတော် အပီစူ
မကြည်ဖြူဘူး ဆိုပဲ ၊
မရက်စက်ပါနဲ့
အသက်မဲ့ချင် မဲ့ပါစေတော့
အသည်းမပဲ့ရင် ကျေနပ်ပါရဲ့
လွတ်လပ်တဲ့ ဆုကိုယူလို့
ဥယျာဉ်ဖြူ ဖွဲ့ကာချဲ့ကာ
နေလှည့်ရင်ထဲ ........။
ရင်ဘတ်ထဲ ကြွေလာသူ ၊
အရိပ်ကလေးပေမို့
စိတ်အတွေး ချိုမြမြနဲ့
ကိုယ်က ကောက်အယူ ၊
အရိပ်ပန်းငယ်ကလေးက
အရှက်သွေးပက်ဖြန်းလို့
နုတ်ခမ်းတော် အပီစူ
မကြည်ဖြူဘူး ဆိုပဲ ၊
မရက်စက်ပါနဲ့
အသက်မဲ့ချင် မဲ့ပါစေတော့
အသည်းမပဲ့ရင် ကျေနပ်ပါရဲ့
လွတ်လပ်တဲ့ ဆုကိုယူလို့
ဥယျာဉ်ဖြူ ဖွဲ့ကာချဲ့ကာ
နေလှည့်ရင်ထဲ ........။
Labels:
ကဗျာအိမ်
ကျောင်းဆရာသူငယ်ချင်းရဲ့ဈာပန
ကျောင်းမပိတ်ပါပဲ
ခေါင်းလောင်းသံတွေ တိတ်နေတယ် ၊
ရွာထိပ်သုဿာန်မှာတော့
ကြေးစည်သံ ဒူဝေဝေနဲ့
မြေခ,သူ ဆရာ့ခရီးရယ်က
ငိုဟီးချချင်စဖွယ် ၊
ကျောင်းသားကျောင်းသူအပေါင်း တို့
ယူနီဖောင်း ကိုယ်စီဖြင့်
မျက်ရည်ပူ အခါခါသုတ်ပါလို့
ဆရာ့ရုပ်ကလာပ်ကိုပေါ့
မြေမြုပ်တော့မယ့် တွင်းပတ်လည်
အလွမ်းသယ် မဝ ၊
အစိုးမရပါဘူး
အနိစ္စ ဝတ သင်္ခါရာမို့
မြတ်နိုးတွယ်တာ သမျှကိုဖြင့်
ဖြတ်ချိုးပယ်ခွါ ပါရသော်လည်း
ရင်ဝမှာ အရှိုက်တငင်နဲ့
အလွမ်းသဘင် ကိုယ်စီခင်းကြတယ်
(သူငယ်ချင်းရယ် . . .)
မင်း ဈာပန . . . . . . . . . ။
ခေါင်းလောင်းသံတွေ တိတ်နေတယ် ၊
ရွာထိပ်သုဿာန်မှာတော့
ကြေးစည်သံ ဒူဝေဝေနဲ့
မြေခ,သူ ဆရာ့ခရီးရယ်က
ငိုဟီးချချင်စဖွယ် ၊
ကျောင်းသားကျောင်းသူအပေါင်း
ယူနီဖောင်း ကိုယ်စီဖြင့်
မျက်ရည်ပူ အခါခါသုတ်ပါလို့
ဆရာ့ရုပ်ကလာပ်ကိုပေါ့
မြေမြုပ်တော့မယ့် တွင်းပတ်လည်
အလွမ်းသယ် မဝ ၊
အစိုးမရပါဘူး
အနိစ္စ ဝတ သင်္ခါရာမို့
မြတ်နိုးတွယ်တာ သမျှကိုဖြင့်
ဖြတ်ချိုးပယ်ခွါ ပါရသော်လည်း
ရင်ဝမှာ အရှိုက်တငင်နဲ့
အလွမ်းသဘင် ကိုယ်စီခင်းကြတယ်
(သူငယ်ချင်းရယ် . . .)
မင်း ဈာပန . . . . . . . . . ။
Labels:
ကဗျာအိမ်
အဝေးရောက်ငယ်ဖော်
သံသရာ ရွာတကွေ့မှာပေါ့
လာအတွေ့ ရစ်တွယ်
ခါခါမွေ့ ချစ်တယ်ဟယ်
ရှက်ဖွယ်ဖွယ် ဆိုစို့
တိုးတိုးလေး မေခေါ်မယ်
တကြော်ကြော်....နော်လို့ ...ကိုကို့ ၊
အိပ်မက်က နိုးအလာတွင်
အိုး ...ရင်တွေပင် ဖိုလို့
မြတ်နိုးရာ အဖော်ချို့တော့
ရင်ဆို့ ဆို့ပြန်တယ်
မေ့ကောင်းကင် ဝေဟင်ထဲ
မိုးတိမ်မဲ ဝဲပတ်ချာလည် ၊
လွမ်းလှပေါ့ ကိုကိုရယ်
ရှိုက်မပြယ် မျက်ရည်ဥလို့
ဘာပြုပြု မေမပျော်
ကျွမ်းလုလု နော်
အဝေးရောက် ငယ်ဖော်ကို
တခေါ်ခေါ် ငိုမိရဲ့လေး .....။
မှတ်ချက်.....။ အရေးလေ့ကျင့်ရင်း ရေးဖွဲ့မိတဲ့ တေးထပ်ကဗျာလေးပါ...။
လာအတွေ့ ရစ်တွယ်
ခါခါမွေ့ ချစ်တယ်ဟယ်
ရှက်ဖွယ်ဖွယ် ဆိုစို့
တိုးတိုးလေး မေခေါ်မယ်
တကြော်ကြော်....နော်လို့ ...ကိုကို့ ၊
အိပ်မက်က နိုးအလာတွင်
အိုး ...ရင်တွေပင် ဖိုလို့
မြတ်နိုးရာ အဖော်ချို့တော့
ရင်ဆို့ ဆို့ပြန်တယ်
မေ့ကောင်းကင် ဝေဟင်ထဲ
မိုးတိမ်မဲ ဝဲပတ်ချာလည် ၊
လွမ်းလှပေါ့ ကိုကိုရယ်
ရှိုက်မပြယ် မျက်ရည်ဥလို့
ဘာပြုပြု မေမပျော်
ကျွမ်းလုလု နော်
အဝေးရောက် ငယ်ဖော်ကို
တခေါ်ခေါ် ငိုမိရဲ့လေး .....။
မှတ်ချက်.....။ အရေးလေ့ကျင့်ရင်း ရေးဖွဲ့မိတဲ့ တေးထပ်ကဗျာလေးပါ...။
Labels:
ကဗျာအိမ်
Friday, February 8, 2013
ပြန်ခဲ့
သဘွတ်အူ သင်းကိုတုလို့
မင်းလေးပြု နေသလားဟင် ၊
ပေါ့ဆမှု ရွှေဘဝင်နဲ့
ကိုယ်ထင်ရာ ကိုယ်လုပ်လို့
ရှုပ်တဲ့ဖြစ်အင် ၊
အပြစ်ထုတ် မဆိုပါဘူး
စိတ်အလို အတင်းလိုက်လို့
မင်းမိုက်လို့ ဝရင်
တို့ရင်ခွင် ပြန်ခဲ့ ၊
ဟန်မလုပ်ပါနဲ့
ပြန်ရှုပ်စရာ အတွေးစင်ဖို့
တို့ရင်ခွင် နွေးနွေးလေးမှာ
မင်းမှေးစက်လှည့် ........။
မင်းလေးပြု နေသလားဟင် ၊
ပေါ့ဆမှု ရွှေဘဝင်နဲ့
ကိုယ်ထင်ရာ ကိုယ်လုပ်လို့
ရှုပ်တဲ့ဖြစ်အင် ၊
အပြစ်ထုတ် မဆိုပါဘူး
စိတ်အလို အတင်းလိုက်လို့
မင်းမိုက်လို့ ဝရင်
တို့ရင်ခွင် ပြန်ခဲ့ ၊
ဟန်မလုပ်ပါနဲ့
ပြန်ရှုပ်စရာ အတွေးစင်ဖို့
တို့ရင်ခွင် နွေးနွေးလေးမှာ
မင်းမှေးစက်လှည့် ........။
Labels:
ကဗျာအိမ်
Thursday, February 7, 2013
မရိုင်းပြကြေး
ဘုံတစ်ကွေ့မှာပေါ့
တို့တစ်တွေ မဆုံတွေ့ကြတော့တဲ့အခါ ၊
အလွမ်းနေ သိပ်မပူစေဖို့
စိတ်ဖြူဖြူ မေတ္တာဇောတွေနဲ့
ပြောထားမယ်ဟာ ၊
ဘဝကံ အရိပ်ဆိုတဲ့
အတိတ်ကို လှမ်းကြည့်မိလို့
အရမ်းသတိရမိတဲ့ အခါ
မေ့စရာ ရှာတွေး ၊
သူငယ်ချင်းချစ်သူရေ
အလွမ်းမင်းသမီးကိုမှ
လမ်းခင်းပြီး ဆွဲခေါ်လို့
အသဲပေါ် ရှိသမျှဟာတွေနဲ့
သတိရစရာ ကြုံလာတိုင်းမှာ
မရိုင်းပြကြေး ............။
တို့တစ်တွေ မဆုံတွေ့ကြတော့တဲ့အခါ ၊
အလွမ်းနေ သိပ်မပူစေဖို့
စိတ်ဖြူဖြူ မေတ္တာဇောတွေနဲ့
ပြောထားမယ်ဟာ ၊
ဘဝကံ အရိပ်ဆိုတဲ့
အတိတ်ကို လှမ်းကြည့်မိလို့
အရမ်းသတိရမိတဲ့ အခါ
မေ့စရာ ရှာတွေး ၊
သူငယ်ချင်းချစ်သူရေ
အလွမ်းမင်းသမီးကိုမှ
လမ်းခင်းပြီး ဆွဲခေါ်လို့
အသဲပေါ် ရှိသမျှဟာတွေနဲ့
သတိရစရာ ကြုံလာတိုင်းမှာ
မရိုင်းပြကြေး ............။
Labels:
ကဗျာအိမ်
အမှတ်တမဲ့အလွမ်း
တွေးတွေးငေးငေး
ကဗျာရေးလျှက် ၊ စီးကရက်ကို
ဘယ်လက်နှစ်လှမ်း ၊ နုတ်ခမ်းဆီပို့
မီးညှိတို့စဉ် ...................
" ကိုကို့နုတ်ခမ်း ၊ မဲရောင်သန်းမယ်
ကို့ကျမ်းမာရေး ၊ ချမ်းသာဝေးမယ်
ကိုကိုဆေးလိပ်မသောက်ပါနဲ့လားကွယ် "တဲ့
နုနယ်ဆွတ်ပျံ့ ၊ ရနံ့စကား
နားထဲကြားပြီး
လွမ်းသွားမိတယ် ညီမရယ်.....။
ကဗျာရေးလျှက် ၊ စီးကရက်ကို
ဘယ်လက်နှစ်လှမ်း ၊ နုတ်ခမ်းဆီပို့
မီးညှိတို့စဉ် ...................
" ကိုကို့နုတ်ခမ်း ၊ မဲရောင်သန်းမယ်
ကို့ကျမ်းမာရေး ၊ ချမ်းသာဝေးမယ်
ကိုကိုဆေးလိပ်မသောက်ပါနဲ့လားကွယ် "တဲ့
နုနယ်ဆွတ်ပျံ့ ၊ ရနံ့စကား
နားထဲကြားပြီး
လွမ်းသွားမိတယ် ညီမရယ်.....။
Labels:
ကဗျာအိမ်
Wednesday, February 6, 2013
ဝေဒနာည
ကြယ်စင်တွေ ကြွေကျတဲ့
နွေညရဲ့ အလယ် ၊
မဖျက်သာတဲ့
တစ်သက်တာ လမ်းအခွဲမို့
ရင်ထဲမှာ နာကျင်ကျင်နဲ့
မကြာခင် ဒီကအသဲတော့
ကွဲရတော့မယ် ၊
ကောင်လေးရယ်
ရှောင်မပြေးတဲ့
ကောင်မလေးရေ တာ့တာလို့
လက်ပြကာ နုတ်မဆက်နဲ့
ရုတ်တရက် ခွေယိုင်လည်
သေနိုင်တယ် သိရဲ့လား ၊
စည်းပတ်ချာလည် ခြားလို့
နုတ်ဆက်စကားတွေနဲ့
ရုတ်တရက် ထွက်ခွါသွားရင်ပေါ့
အသက်ပင် ပါသွားနိုင်တာမို့
စိတ်ခိုင်စွာ နေမရပါပဲ
” တာ့တာ ” ကို မလိုအမုန်းနဲ့
တကိုယ်လုံး အပူထိလို့
ငိုမိသူ ပျော်ပျော်အိပ်ခါမှ
တိတ်တိတ်လေးသွား . . . . .။
နွေညရဲ့ အလယ် ၊
မဖျက်သာတဲ့
တစ်သက်တာ လမ်းအခွဲမို့
ရင်ထဲမှာ နာကျင်ကျင်နဲ့
မကြာခင် ဒီကအသဲတော့
ကွဲရတော့မယ် ၊
ကောင်လေးရယ်
ရှောင်မပြေးတဲ့
ကောင်မလေးရေ တာ့တာလို့
လက်ပြကာ နုတ်မဆက်နဲ့
ရုတ်တရက် ခွေယိုင်လည်
သေနိုင်တယ် သိရဲ့လား ၊
စည်းပတ်ချာလည် ခြားလို့
နုတ်ဆက်စကားတွေနဲ့
ရုတ်တရက် ထွက်ခွါသွားရင်ပေါ့
အသက်ပင် ပါသွားနိုင်တာမို့
စိတ်ခိုင်စွာ နေမရပါပဲ
” တာ့တာ ” ကို မလိုအမုန်းနဲ့
တကိုယ်လုံး အပူထိလို့
ငိုမိသူ ပျော်ပျော်အိပ်ခါမှ
တိတ်တိတ်လေးသွား . . . . .။
Labels:
ကဗျာအိမ်
မင်း ဘာကြောင့်မုန်း
ခုမှနော် လာမချော့ပါနဲ့
” သွား ” ဘယ်တော့မှ မခေါ် ၊
ခုမှနော် လာမဖားပါနဲ့
မုန်းထားမယ် ဒီတစ်သက်လို့
ပြောရက်တယ်နော် ၊
အပြစ်ကိုသာ ရှုမျှော်လို့
သူမခေါ် သူမပြောလေတော့
ဖြူရော်ရော် အပူဇောတွေနဲ့
ရင်မောပေါ့ ကျွန်တော်
အပျော် ပျောက်ဆုံး ၊
အပြစ်ရှိရင်လဲ
မဖုံးမဖိ ဝန်ခံလို့
တောင်းပန်ရန် အသင့်ပေမယ့်
ကြည့်ခွင့်ပင် သူမပေးပါပဲ
ဝေးဝေးက တမင်ရှောင်
မမြင်ယောင် တမင်ပုန်း
ဆံထုံးမာန် တချွင်ချွင်နဲ့
တွေ့မိရင် မျက်နှာတင်းလို့
အချစ်ရယ် . . . . . . .
မင်း ဘာကြောင့်မုန်း........ ။
” သွား ” ဘယ်တော့မှ မခေါ် ၊
ခုမှနော် လာမဖားပါနဲ့
မုန်းထားမယ် ဒီတစ်သက်လို့
ပြောရက်တယ်နော် ၊
အပြစ်ကိုသာ ရှုမျှော်လို့
သူမခေါ် သူမပြောလေတော့
ဖြူရော်ရော် အပူဇောတွေနဲ့
ရင်မောပေါ့ ကျွန်တော်
အပျော် ပျောက်ဆုံး ၊
အပြစ်ရှိရင်လဲ
မဖုံးမဖိ ဝန်ခံလို့
တောင်းပန်ရန် အသင့်ပေမယ့်
ကြည့်ခွင့်ပင် သူမပေးပါပဲ
ဝေးဝေးက တမင်ရှောင်
မမြင်ယောင် တမင်ပုန်း
ဆံထုံးမာန် တချွင်ချွင်နဲ့
တွေ့မိရင် မျက်နှာတင်းလို့
အချစ်ရယ် . . . . . . .
မင်း ဘာကြောင့်မုန်း........ ။
Labels:
ကဗျာအိမ်
ရာသီလွန်ပန်း
အပွင့်ဆန်းတွေနဲ့
အမည်မဲ့ ပန်းတစ်ပင် ၊
သူ့ကေဦးမှာ ဆင်ဖို့
ရည်စူးကာ တမင်ပွင့်တာကြောင့်
မျှော်တလင့်လင့် ရင်နဲ့
တံချူပြင် သူချွေတော့မလားလို့
စောင့်စားရ နေ့စဉ် ၊
မျှော်ရင်း စောင့်ရင်းက
နေ့ခင်းတွေ မပီမပြင်နဲ့
တစ်နေဝင် တစ်နေထွက်လို့
တစ်ရက်ကုန် တစ်ရက်ကူးပေမယ့်
သူမခူး သူမဆင်
မမြင်ဟန် သူကျင့် ၊
သူမခူးတော့
ပွင့်ဖူးကို ပြန်ငုံလို့
ရာသီကုန်ချိန် ရောက်ခါမှ
ရွက်လှတွေ ဝေဝေဆာဆာနဲ့
တမာပင် အေးအရိပ်မှာ
တိတ်တိတ်လေးပွင့် . . . . . ။
အမည်မဲ့ ပန်းတစ်ပင် ၊
သူ့ကေဦးမှာ ဆင်ဖို့
ရည်စူးကာ တမင်ပွင့်တာကြောင့်
မျှော်တလင့်လင့် ရင်နဲ့
တံချူပြင် သူချွေတော့မလားလို့
စောင့်စားရ နေ့စဉ် ၊
မျှော်ရင်း စောင့်ရင်းက
နေ့ခင်းတွေ မပီမပြင်နဲ့
တစ်နေဝင် တစ်နေထွက်လို့
တစ်ရက်ကုန် တစ်ရက်ကူးပေမယ့်
သူမခူး သူမဆင်
မမြင်ဟန် သူကျင့် ၊
သူမခူးတော့
ပွင့်ဖူးကို ပြန်ငုံလို့
ရာသီကုန်ချိန် ရောက်ခါမှ
ရွက်လှတွေ ဝေဝေဆာဆာနဲ့
တမာပင် အေးအရိပ်မှာ
တိတ်တိတ်လေးပွင့် . . . . . ။
Labels:
ကဗျာအိမ်
ကောင်းကင်ဖျားတဲ့ည
ရင်ထဲမှာ နေ့နေ့ညည
တယုတယနဲ့ပါ
သမုဒယ မြှားတံတွေကိုရှာ
နင့်ကိုသာ ရည်စူး
ခဏခဏ ချိန်ရွယ်ပစ်ပေမယ့်
အချစ်တွေ ဖြစ်မလာဘူး ၊
ကြယ်စုံတဲ့ ညတစ်ညမှာ
နင့်နုတ်ခမ်းလွှာက အဆိပ်ဆူး
" ကိုကို့ကို မချစ်ဖူး " တဲ့
ငါတကယ် ရူးသွားရပြီလေ
လမင်းတွေ အခြမ်းခြမ်းကွဲ
ကြယ်တွေလဲ တဖြုတ်ဖြုတ်ကြွေ ၊
အင်း ....ရှိပါစေတော့လေ
ငါ့အသဲတွေ ပေါက်ပြဲပြီး
ရင်ကွဲမတတ် နာချင်နာ
ကျေနပ်ရမှာပါ
ငါ့ရင်ထဲက ဝေဒနာကို
သေချာမှ နင်မသိပဲလေ......။
တယုတယနဲ့ပါ
သမုဒယ မြှားတံတွေကိုရှာ
နင့်ကိုသာ ရည်စူး
ခဏခဏ ချိန်ရွယ်ပစ်ပေမယ့်
အချစ်တွေ ဖြစ်မလာဘူး ၊
ကြယ်စုံတဲ့ ညတစ်ညမှာ
နင့်နုတ်ခမ်းလွှာက အဆိပ်ဆူး
" ကိုကို့ကို မချစ်ဖူး " တဲ့
ငါတကယ် ရူးသွားရပြီလေ
လမင်းတွေ အခြမ်းခြမ်းကွဲ
ကြယ်တွေလဲ တဖြုတ်ဖြုတ်ကြွေ ၊
အင်း ....ရှိပါစေတော့လေ
ငါ့အသဲတွေ ပေါက်ပြဲပြီး
ရင်ကွဲမတတ် နာချင်နာ
ကျေနပ်ရမှာပါ
ငါ့ရင်ထဲက ဝေဒနာကို
သေချာမှ နင်မသိပဲလေ......။
Labels:
ကဗျာအိမ်
ဆိတ်သုဉ်းခြင်း ရုပ်ရှင်
ငါ့အလင်းတန်း
အမှောင်လွှမ်းခဲ့ ။
ချစ်ပန်းဖြူလည်း ၊ ခြေလှမ်းကျဲဖြင့်
လမ်းခွဲထွက်ခွါ ၊ ကျောခိုင်းခွါခဲ့ ။
မေတ္တာစီးဆင်း ၊ သူငယ်ချင်းလည်း
အလင်းမဲ့ရာ ၊ ခု အခါတွင်
ငါ့မှာ မရှိ ။
အသိဆွေမျိုး ၊ ငါအားကိုးဖို့
ရင်ကျိုးအောင်ရှာ ၊ တစာစာလည်း
ဘယ်မှာကြည့်ကြည့် ၊ မတွေ့မိတော့ ။
ရှိသည့်အရာ ၊ မရှိတာမို့
ဗလာသုည ၊ ခု ကာလဝယ်
ဘဝရထား ၊ ခုတ်မောင်းသွားဖို့
လမ်းမှားမရှု ၊ လမ်းကောင်းပြုဖို့
တောင်းဆု မယူနိုင်တော့ပါ …..။
အမှောင်လွှမ်းခဲ့ ။
ချစ်ပန်းဖြူလည်း ၊ ခြေလှမ်းကျဲဖြင့်
လမ်းခွဲထွက်ခွါ ၊ ကျောခိုင်းခွါခဲ့ ။
မေတ္တာစီးဆင်း ၊ သူငယ်ချင်းလည်း
အလင်းမဲ့ရာ ၊ ခု အခါတွင်
ငါ့မှာ မရှိ ။
အသိဆွေမျိုး ၊ ငါအားကိုးဖို့
ရင်ကျိုးအောင်ရှာ ၊ တစာစာလည်း
ဘယ်မှာကြည့်ကြည့် ၊ မတွေ့မိတော့ ။
ရှိသည့်အရာ ၊ မရှိတာမို့
ဗလာသုည ၊ ခု ကာလဝယ်
ဘဝရထား ၊ ခုတ်မောင်းသွားဖို့
လမ်းမှားမရှု ၊ လမ်းကောင်းပြုဖို့
တောင်းဆု မယူနိုင်တော့ပါ …..။
Labels:
ကဗျာအိမ်
ကတ္တရာလမ်းပေါ်က ပြယုဂ်
သောကတံခွန် သန္ဓေနွံရဲ့
ဥခွံတွင်းမှာ လူဖြစ်လာသော
” ငါ ” ဆိုတဲ့ ကဗျာဆရာတစ်ယောက်က ။
ကမောက်ကမ လူ့လောကရဲ့
ဘဝရိပ်မြုံ အနုံအချာ
သံသရာကို ခဲရာခဲဆစ်
ကဗျာဖြစ်အောင် ထုဆစ်ကုံးသီ
ညီညီစီကာ ပီတိဖြာခိုက်…...။
အနှေးရိုက်ချက် ဇာတ်တစ်ကွက်လို
ချွေးစက်ပေကျံ ကော်လံအစုတ်
ခ်ဳပ္ရိုးမညီ အက်ႌအဖာ
ရာဘာဖိနပ် အမြှီးပြတ်နဲ့
ကတ္တရာလမ်း နေပူကြမ်းပေါ်
တကြော်ကြော်ခေါ်ရောင်း
” ချဉ်ပေါင်း ချဉ်ပေါင်း “နဲ့
လက်မောင်းမချ ဘဝစာမေးပွဲဖြေသံ
သရုပ်မှန်က ပြုံးစစနဲ့
ငါ့ကဗျာကို လှောင်သွားပြီ……..။
ဥခွံတွင်းမှာ လူဖြစ်လာသော
” ငါ ” ဆိုတဲ့ ကဗျာဆရာတစ်ယောက်က ။
ကမောက်ကမ လူ့လောကရဲ့
ဘဝရိပ်မြုံ အနုံအချာ
သံသရာကို ခဲရာခဲဆစ်
ကဗျာဖြစ်အောင် ထုဆစ်ကုံးသီ
ညီညီစီကာ ပီတိဖြာခိုက်…...။
အနှေးရိုက်ချက် ဇာတ်တစ်ကွက်လို
ချွေးစက်ပေကျံ ကော်လံအစုတ်
ခ်ဳပ္ရိုးမညီ အက်ႌအဖာ
ရာဘာဖိနပ် အမြှီးပြတ်နဲ့
ကတ္တရာလမ်း နေပူကြမ်းပေါ်
တကြော်ကြော်ခေါ်ရောင်း
” ချဉ်ပေါင်း ချဉ်ပေါင်း “နဲ့
လက်မောင်းမချ ဘဝစာမေးပွဲဖြေသံ
သရုပ်မှန်က ပြုံးစစနဲ့
ငါ့ကဗျာကို လှောင်သွားပြီ……..။
Labels:
ကဗျာအိမ်
အစိမ်းခံငှက်
အကြင်နာ စစ်စစ်တွေနဲ့
ချစ်နေတဲ့ ကျွန်တော်ပါ ၊
အပြစ်မယူပေမယ့်
ချစ်ရသူ ကျွန်တော့်လိပ်ပြာက
စိတ်ပျော်ရာ လူအသစ်နဲ့
ကြည်ဖြူနှစ်သက်နေပြန်တော့
ဝေဒနာ ဒါဏ်ရာတွေဖြစ်လို့
စိတ်ညစ်တယ်ဟာ ၊
ငှက်ကလေးလိုပဲ
ချစ်ရေးကို တေးသီဆိုလို့
အရိပ်လို အနားနေခဲ့ပေမယ့်
လိပ်ပြာရဲ့ ချစ်မေတ္တာ
လူအသစ်မှာသာ ညွတ်ယိမ်း ၊
ကျွန်တော့်ချစ်ခြင်းကိုတော့
ဟင့်အင်း ဟင့်အင်းနဲ့
အတင်း အတင်းပါပဲ
ငြင်းတဲ့ စကားတွေဆိုလို့
ဘယ်လိုမြင် ဘယ်အပြစ်တွေကြောင့်
အချစ်ရယ် . . . . . . . .
ဘာဖြစ်လို့ စိမ်း ။
ချစ်နေတဲ့ ကျွန်တော်ပါ ၊
အပြစ်မယူပေမယ့်
ချစ်ရသူ ကျွန်တော့်လိပ်ပြာက
စိတ်ပျော်ရာ လူအသစ်နဲ့
ကြည်ဖြူနှစ်သက်နေပြန်တော့
ဝေဒနာ ဒါဏ်ရာတွေဖြစ်လို့
စိတ်ညစ်တယ်ဟာ ၊
ငှက်ကလေးလိုပဲ
ချစ်ရေးကို တေးသီဆိုလို့
အရိပ်လို အနားနေခဲ့ပေမယ့်
လိပ်ပြာရဲ့ ချစ်မေတ္တာ
လူအသစ်မှာသာ ညွတ်ယိမ်း ၊
ကျွန်တော့်ချစ်ခြင်းကိုတော့
ဟင့်အင်း ဟင့်အင်းနဲ့
အတင်း အတင်းပါပဲ
ငြင်းတဲ့ စကားတွေဆိုလို့
ဘယ်လိုမြင် ဘယ်အပြစ်တွေကြောင့်
အချစ်ရယ် . . . . . . . .
ဘာဖြစ်လို့ စိမ်း ။
Labels:
ကဗျာအိမ်
အသဲတစ်စုံရဲ့ဂန္ထဝင်
ငါ့အသဲကို
ကုတ်ဆွဲဖမ်းဆုပ် ၊ သွေးစုပ်ကဝေ
မဟေတစ်ပါး ၊ စားတော့မလား
ဘုရား ဘုရား ..........။
ဟာ .....သွားပါပြီ
လျှာကြီးနဲ့လိပ် ၊ အစိပ်စိပ်အမွှာမွှာ
ခပ်နာနာဝါး........................
......................အား ...........။
ဘုရား ဘုရား ၊ သူဝါးပြီးမြို
ဒီလိုနဲ့ပဲ ၊ ငါ့အသဲတော့
သွေးရဲသံရဲ ၊ သူ့ဝမ်းထဲမှာ
..............သူ့ဝမ်းထဲမှာ.......။
ကုတ်ဆွဲဖမ်းဆုပ် ၊ သွေးစုပ်ကဝေ
မဟေတစ်ပါး ၊ စားတော့မလား
ဘုရား ဘုရား ..........။
ဟာ .....သွားပါပြီ
လျှာကြီးနဲ့လိပ် ၊ အစိပ်စိပ်အမွှာမွှာ
ခပ်နာနာဝါး........................
......................အား ...........။
ဘုရား ဘုရား ၊ သူဝါးပြီးမြို
ဒီလိုနဲ့ပဲ ၊ ငါ့အသဲတော့
သွေးရဲသံရဲ ၊ သူ့ဝမ်းထဲမှာ
..............သူ့ဝမ်းထဲမှာ.......။
Labels:
ကဗျာအိမ်
လမ်းခွဲစကား
လမ်းခွဲရောက်ပြီ
နှစ်ယောက်သွားလို့ မဖြစ်နိုင် ။
မယိမ်းယိုင်ပဲ ၊ လမ်းခွဲစကား
ဘယ်သူ ကြားမလဲ
ဘယ်သူ ပြောမလဲ
ရင်ထဲလေးလေး ၊ ကိုယ်စီမေးလျှက်
သွေးအေးအေးနှင့် ရပ်စောင့်ပြီ ။
စောင့်သောအချိန်
အကြိမ်ကြိမ်တိုင် ၊ ငြိမ်သက်နေဆဲ
လမ်းခွဲစကား ၊ သူလား ကိုယ်လား
သွေးသားအေးခဲ ၊ တွေဝေဆဲပါ ။
ဟယ်- ကြာပါတယ်
လက်ယာဘက်လမ်း........ငါ့လမ်း
လက်ဝဲဘက်လမ်း ........နင့်လမ်း
နောက်မလှည့်တမ်း ၊ ငါတို့လှမ်းစို့
လမ်းခွဲစကား ခပ်ခါးခါးကို
ဆီးတားပိတ်ဆို့ ၊ မနှစ်မြို့သူ
ငါတို့နှစ်ယောက် ၊ မကွယ်ပျောက်ခင်
နောက်လှည့်ကြည့်သူ ပြောစတမ်း .......။
နှစ်ယောက်သွားလို့ မဖြစ်နိုင် ။
မယိမ်းယိုင်ပဲ ၊ လမ်းခွဲစကား
ဘယ်သူ ကြားမလဲ
ဘယ်သူ ပြောမလဲ
ရင်ထဲလေးလေး ၊ ကိုယ်စီမေးလျှက်
သွေးအေးအေးနှင့် ရပ်စောင့်ပြီ ။
စောင့်သောအချိန်
အကြိမ်ကြိမ်တိုင် ၊ ငြိမ်သက်နေဆဲ
လမ်းခွဲစကား ၊ သူလား ကိုယ်လား
သွေးသားအေးခဲ ၊ တွေဝေဆဲပါ ။
ဟယ်- ကြာပါတယ်
လက်ယာဘက်လမ်း........ငါ့လမ်
လက်ဝဲဘက်လမ်း ........နင့်လမ်း
နောက်မလှည့်တမ်း ၊ ငါတို့လှမ်းစို့
လမ်းခွဲစကား ခပ်ခါးခါးကို
ဆီးတားပိတ်ဆို့ ၊ မနှစ်မြို့သူ
ငါတို့နှစ်ယောက် ၊ မကွယ်ပျောက်ခင်
နောက်လှည့်ကြည့်သူ ပြောစတမ်း .......။
Labels:
ကဗျာအိမ်
ချစ်သောစကား
မယဉ်ကျော့ပါဘူး
ရင်မကော့ပါနဲ့ ညီမရယ်
မောလှပါတယ် ၊
လောကရယ်ဖွယ်
ကယော်ကမယ်ပေါ့ ၊
ပျော်ရာမှာ နေမြင့်လို့
တကိုယ်တော် လေမလွင့်ချင်နဲ့
ရင်နင့်ဖွယ် နွေနိမိတ်တွေက
ရွှေရင်ထိတ် စရာတွေမို့
မေတ္တာရှင် တို့စကားကို
နားဆင်ပါတော့ ......။
ရင်မကော့ပါနဲ့ ညီမရယ်
မောလှပါတယ် ၊
လောကရယ်ဖွယ်
ကယော်ကမယ်ပေါ့ ၊
ပျော်ရာမှာ နေမြင့်လို့
တကိုယ်တော် လေမလွင့်ချင်နဲ့
ရင်နင့်ဖွယ် နွေနိမိတ်တွေက
ရွှေရင်ထိတ် စရာတွေမို့
မေတ္တာရှင် တို့စကားကို
နားဆင်ပါတော့ ......။
Labels:
ကဗျာအိမ်
ပြန်လှည့်ခဲ့ပါ ညီမလေး
အိမ်ကိုစွန့်လို့
တိမ်ညွန့်ပေါက်ကွဲ ကောင်းကင်ထဲကို
မာန်ဇွဲနဲ့ပြေး ညီမလေးရေ ….။
ဟိုး ဝေးဝေးထိ ပျံတော့ကြည့်ပေါ့
သတ္တိဆိုတာ ဥာဏ်လည်းပါမှ
ပါဝါအစွမ်း တကယ်လန်းမယ်
ရမ်းရမ်းကားကား မစွန်းစားဘဲ
ထိပ်ဖျားမှန်းချက် ဖျက်တန်ဖျက်ပေါ့
အရှက်ကိုငဲ့ မရွဲ့နဲ့နော်
မတဲ့မတန် လေကြမ်းခံလို့
တောင်ပံကျိုးပဲ့ အားမာန်မဲ့ရင်
ပြန်လှည့်ခဲ့ပါ ညီမလေး …….။
တိမ်ညွန့်ပေါက်ကွဲ ကောင်းကင်ထဲကို
မာန်ဇွဲနဲ့ပြေး ညီမလေးရေ ….။
ဟိုး ဝေးဝေးထိ ပျံတော့ကြည့်ပေါ့
သတ္တိဆိုတာ ဥာဏ်လည်းပါမှ
ပါဝါအစွမ်း တကယ်လန်းမယ်
ရမ်းရမ်းကားကား မစွန်းစားဘဲ
ထိပ်ဖျားမှန်းချက် ဖျက်တန်ဖျက်ပေါ့
အရှက်ကိုငဲ့ မရွဲ့နဲ့နော်
မတဲ့မတန် လေကြမ်းခံလို့
တောင်ပံကျိုးပဲ့ အားမာန်မဲ့ရင်
ပြန်လှည့်ခဲ့ပါ ညီမလေး …….။
Labels:
ကဗျာအိမ်
ညီမလေးရဲ့စွမ်းအင်
လူ့ဘဝ လမ်းဆီက
စိန်ခေါ်မှု ကြမ်းရှရှတွေနဲ့
အားစမ်းရတော့မယ့် ညီမလေးရေ ၊
ရှေးကုသိုလ် ယူနီဖောင်းကြောင့်
ရွှေသရဖူ ဆောင်းနိုင်တဲ့
ကံဥာဏ်ကောင်း ပိုင်ဆိုင်သူပီပီပေါ့
ယုံကြည်ချက် လမ်းစဉ်ဖြင့်
ကိုယ့်စွမ်းအင် ကိုယ်မြင့်လို့
ရဲရင့်ပါစေ ၊
အားအင်ချင်း မနှိုင်းသာလို့
ပြိုင်တိုင်းမှာ အရှက်ကွဲစေမယ့်
ခက်အခဲ ကြုံချင်ကြုံစေတော့
စိတ်အာရုံ မဝံ့မရဲ
တွန့်ကနဲ ဖြစ်မနေ
စွမ်းအင်တွေ စုစည်း ၊
ညီမလေးရေ
လူ့လမ်းမ ပေါ်ဆီက
စိန်ခေါ်မှု မှန်သမျှကိုဖြင့်
ကိုယ့်ကံဥာဏ် ဝီရိယတွေနဲ့
စွမ်းသမျှ တုပြိုင်လို့
အရှုံးအနိုင် မကြည့်တမ်းပါပဲ
ကိုယ့်ပန်းတိုင် ရှိရာမှန်းကာဖြင့်
လျှောက်လှမ်းစေသတည်း . . . ။
စိန်ခေါ်မှု ကြမ်းရှရှတွေနဲ့
အားစမ်းရတော့မယ့် ညီမလေးရေ ၊
ရှေးကုသိုလ် ယူနီဖောင်းကြောင့်
ရွှေသရဖူ ဆောင်းနိုင်တဲ့
ကံဥာဏ်ကောင်း ပိုင်ဆိုင်သူပီပီပေါ့
ယုံကြည်ချက် လမ်းစဉ်ဖြင့်
ကိုယ့်စွမ်းအင် ကိုယ်မြင့်လို့
ရဲရင့်ပါစေ ၊
အားအင်ချင်း မနှိုင်းသာလို့
ပြိုင်တိုင်းမှာ အရှက်ကွဲစေမယ့်
ခက်အခဲ ကြုံချင်ကြုံစေတော့
စိတ်အာရုံ မဝံ့မရဲ
တွန့်ကနဲ ဖြစ်မနေ
စွမ်းအင်တွေ စုစည်း ၊
ညီမလေးရေ
လူ့လမ်းမ ပေါ်ဆီက
စိန်ခေါ်မှု မှန်သမျှကိုဖြင့်
ကိုယ့်ကံဥာဏ် ဝီရိယတွေနဲ့
စွမ်းသမျှ တုပြိုင်လို့
အရှုံးအနိုင် မကြည့်တမ်းပါပဲ
ကိုယ့်ပန်းတိုင် ရှိရာမှန်းကာဖြင့်
လျှောက်လှမ်းစေသတည်း . . . ။
Labels:
ကဗျာအိမ်
သွား ...အဝေး
ကွယ်ရာမှာ ခြေရှုပ်တဲ့
ကုပ်ကမြင်းလေး ...၊
အဖော်ဝေးပါမှ
ကလေးလို ပလီပလာဆိုလို့
တို့ကိုလေ လာမဖားနဲ့
သွား ... အဝေး ...။
ကုပ်ကမြင်းလေး ...၊
အဖော်ဝေးပါမှ
ကလေးလို ပလီပလာဆိုလို့
တို့ကိုလေ လာမဖားနဲ့
သွား ... အဝေး ...။
Labels:
ကဗျာအိမ်
Tuesday, February 5, 2013
ခွင့်
ဟိုး ဟိုး ... မကြောက်ပါနဲ့
သရဲခြောက်တာ မဟုတ်ပါဘူးရှင်
အတွေးထဲ ကိုရောက်လာရင်
ဘယ်လိုပင် ထိန်းထားထား
ရင်ထဲက အသဲနှလုံးကတော့လေ
သရဲခြောက်တာ မဟုတ်ပါဘူးရှင်
အတွေးထဲ ကိုရောက်လာရင်
ဘယ်လိုပင် ထိန်းထားထား
ရင်ထဲက အသဲနှလုံးကတော့လေ
အငြိမ်မနေနိုင်ဘူး သိရဲ့လား ၊
ကိုနဲ့ တို့ကြားမှာ
စည်းပတ်ချာလည် ခြားခြား
ရင်ကအမိန့်ကို မလွန်ဆန်အားလို့
ကို့ရင်ခွင်တံခါးကို လာခေါက်မိတာ
ကို့အိပ်မက်တွေ ပြိုပျက်ပြီး
အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွတ်ပါ ၊
ကိုစိတ်ညစ်ရတယ် ဆိုရင်တော့ကွာ
တို့ဘာသာ အပြစ်တွေပေးဖို့
ပြန်လှည့်ပြေးသွားပါ့မယ်ရှင်
ကျေနပ်လားဟင်
ဖြစ်နိုင်ရင်တော့ ကို့ရင်ခွင်မှာ
အမြဲပျော်ဝင်ခွင့် ရချင်တာပါပဲလေ ...နော် .....။
ကိုနဲ့ တို့ကြားမှာ
စည်းပတ်ချာလည် ခြားခြား
ရင်ကအမိန့်ကို မလွန်ဆန်အားလို့
ကို့ရင်ခွင်တံခါးကို လာခေါက်မိတာ
ကို့အိပ်မက်တွေ ပြိုပျက်ပြီး
အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွတ်ပါ ၊
ကိုစိတ်ညစ်ရတယ် ဆိုရင်တော့ကွာ
တို့ဘာသာ အပြစ်တွေပေးဖို့
ပြန်လှည့်ပြေးသွားပါ့မယ်ရှင်
ကျေနပ်လားဟင်
ဖြစ်နိုင်ရင်တော့ ကို့ရင်ခွင်မှာ
အမြဲပျော်ဝင်ခွင့် ရချင်တာပါပဲလေ ...နော် .....။
Labels:
ကဗျာအိမ်
မဆုံတဲ့ဖူးစာသို့ အလွမ်း
မကြုံဖူးလို့
မယုံဘူး မပြောပါနဲ့ဟာ ၊
အရှက်မဝင်တဲ့
မျက်မမြင် နှလုံးသားကိုတော့
နားလည်ပေးပါ ၊
သခင်ရှိပန်းလို့
တကယ်တမ်း သေချာသိပေမယ့်
အကြည့်ချင်း ဆုံတဲ့အခါ
ဝေဒနာ ခုန်ကြွ ၊
နေ့နေ့ ညည
နင့်ကိုမှ နင်
နင့်ကိုပင် အစဉ်စွဲ
နင့်ကိုပင် ဒီရင်ထဲ
အမြဲ တမ်းတ. . . . . . . .။
မယုံဘူး မပြောပါနဲ့ဟာ ၊
အရှက်မဝင်တဲ့
မျက်မမြင် နှလုံးသားကိုတော့
နားလည်ပေးပါ ၊
သခင်ရှိပန်းလို့
တကယ်တမ်း သေချာသိပေမယ့်
အကြည့်ချင်း ဆုံတဲ့အခါ
ဝေဒနာ ခုန်ကြွ ၊
နေ့နေ့ ညည
နင့်ကိုမှ နင်
နင့်ကိုပင် အစဉ်စွဲ
နင့်ကိုပင် ဒီရင်ထဲ
အမြဲ တမ်းတ. . . . . . . .။
Labels:
ကဗျာအိမ်
ရင်ကွဲပက်လက်
လူ့သဘာဝရဲ့
မာနကို အသာဖယ်လို့
လိပ်ပြာငယ် သူ့ခြေရင်းမှာ
ဝပ်ဆင်းပေးခဲ့တဲ့ သူပါ ၊
မျက်နှာပေး မာမာနဲ့
ရင်နာအောင် မတူမတန်ဆိုလို့
တို့ကိုလေ သူမချစ်တော့
စိတ်ညစ်တယ်ဟာ ၊
ရှုံးနိမ့်ခြင်း အရာရာနဲ့
လမ်းတိုင်းမှာ မြူတွေဖုံးလို့
ဘယ်တုန်းက ဘယ်ကြမ္မာ
ဖန်ဖန်လာ နှိပ်စက် ၊
အခံခက်ပါရဲ့
ရင်ထက်မှာ အပူပျံလို့
အယူခံ ကဗျာလေးတွေနဲ့
အဆွေးအိမ် ပုံပြင်ထဲမှာ
ရင်ကွဲပက်လက် . . . . ။
မာနကို အသာဖယ်လို့
လိပ်ပြာငယ် သူ့ခြေရင်းမှာ
ဝပ်ဆင်းပေးခဲ့တဲ့ သူပါ ၊
မျက်နှာပေး မာမာနဲ့
ရင်နာအောင် မတူမတန်ဆိုလို့
တို့ကိုလေ သူမချစ်တော့
စိတ်ညစ်တယ်ဟာ ၊
ရှုံးနိမ့်ခြင်း အရာရာနဲ့
လမ်းတိုင်းမှာ မြူတွေဖုံးလို့
ဘယ်တုန်းက ဘယ်ကြမ္မာ
ဖန်ဖန်လာ နှိပ်စက် ၊
အခံခက်ပါရဲ့
ရင်ထက်မှာ အပူပျံလို့
အယူခံ ကဗျာလေးတွေနဲ့
အဆွေးအိမ် ပုံပြင်ထဲမှာ
ရင်ကွဲပက်လက် . . . . ။
Labels:
ကဗျာအိမ်
ညီမလေးရဲ့ဖက်ရှင်
ပန်းလေးလို တကယ်လှတဲ့
ညီမလေး နားထောင် ၊
လူတကာ ငေးမျှော်စေဖို့
လျှပ်ပေါ် လော်လည်တဲ့
ခေတ်လုံချည် ဝတ်အစားကို
တရားလွန်အောင် မဝတ်ဆင်နဲ့
လူ့အမြင် မယဉ်ကျေးတာမို့
ဝေးဝေးက ရှောင် ၊
ဘာအဝတ် ဆင်ဆင်ပေါ့
ယဉ်ကျေးမှု အမြင်နဲ့
ဝန်းကျင်ကို အကဲခတ်လို့
သင့်မြတ်ဖို့ သတိဆောင်
မရိုင်းအောင် ဝတ်စား ၊
ညီမလေးရေ
နဂိုသဘာဝ,ကမှ
ပင်ကိုယ် အလှတရားပေမို့
ဝတ်အစား ယဉ်ယဉ်နဲ့
မြင်မြင်သူ မျက်စိအေးအောင်
ယဉ်ကျေးမှုကို ပုံဖော်လို့
တော်မတော် ချိန်ချင့်ပြီးတော့
ကျင့်နော် သိလား ……..။
ညီမလေး နားထောင် ၊
လူတကာ ငေးမျှော်စေဖို့
လျှပ်ပေါ် လော်လည်တဲ့
ခေတ်လုံချည် ဝတ်အစားကို
တရားလွန်အောင် မဝတ်ဆင်နဲ့
လူ့အမြင် မယဉ်ကျေးတာမို့
ဝေးဝေးက ရှောင် ၊
ဘာအဝတ် ဆင်ဆင်ပေါ့
ယဉ်ကျေးမှု အမြင်နဲ့
ဝန်းကျင်ကို အကဲခတ်လို့
သင့်မြတ်ဖို့ သတိဆောင်
မရိုင်းအောင် ဝတ်စား ၊
ညီမလေးရေ
နဂိုသဘာဝ,ကမှ
ပင်ကိုယ် အလှတရားပေမို့
ဝတ်အစား ယဉ်ယဉ်နဲ့
မြင်မြင်သူ မျက်စိအေးအောင်
ယဉ်ကျေးမှုကို ပုံဖော်လို့
တော်မတော် ချိန်ချင့်ပြီးတော့
ကျင့်နော် သိလား ……..။
Labels:
ကဗျာအိမ်
အဖော်မဲ့ခုံတန်းပြာ
ခုံတန်းပြာ ပေါ်ဆီက
နေ့စဉ်နဲ့အမျှ တကယ် ၊
ချစ်မိသူ လာတော့မလားလို့
စောင့်စားကာ ဘယ်ညာကြည့်
မျှော်နေမိတယ် ၊
လေညှာအရပ်ဆီက
ရွက်ချပ်သံ တဖျောက်ဖျောက်နဲ့
သစ်ရွက်ခြောက် အကြွေဝယ်
သူလာတယ် မှတ်လို့ ၊
မျက်လုံးကို ဘယ်ညာနင်းကာ
လမ်းကျဉ်းဆီ ဖွေရှာကြည့်တော့
ချစ်မိသူ ရှာအတွေ့လို့
ဆွေးငွေ့ငွေ့ ခန္ဓာနဲ့
ခုံတန်းပြာ ကံ့ကော်ရိပ်မှာ
တိတ်တိတ်ရင်ဆို့ . . . . ။
နေ့စဉ်နဲ့အမျှ တကယ် ၊
ချစ်မိသူ လာတော့မလားလို့
စောင့်စားကာ ဘယ်ညာကြည့်
မျှော်နေမိတယ် ၊
လေညှာအရပ်ဆီက
ရွက်ချပ်သံ တဖျောက်ဖျောက်နဲ့
သစ်ရွက်ခြောက် အကြွေဝယ်
သူလာတယ် မှတ်လို့ ၊
မျက်လုံးကို ဘယ်ညာနင်းကာ
လမ်းကျဉ်းဆီ ဖွေရှာကြည့်တော့
ချစ်မိသူ ရှာအတွေ့လို့
ဆွေးငွေ့ငွေ့ ခန္ဓာနဲ့
ခုံတန်းပြာ ကံ့ကော်ရိပ်မှာ
တိတ်တိတ်ရင်ဆို့ . . . . ။
Labels:
ကဗျာအိမ်
အမှတ်တမဲ့ နွေ
လှလွန်းသူ ပန်းကလေးကိုပေါ့
လှမ်းငေးဖို့ အလာ ၊
လိပ်ပြာ တစ်ကောင်က
တောင်ပံကို အသာဖွင့်လို့
ပန်းပွင့်ပေါ် ခြေစုံချတော့
ကြည့်မဝ သလိုနဲ့
အို . . . လှလိုက်တာ ၊
တို့ရောက်လာလို့
လိပ်ပြာငယ် ထိတ်ခါလန့်ကာ
တောင်ပံဖြန့် ပျံလေတော့
အလှဘဏ် ပန်းတစ်ပွင့်ရဲ့
အလွမ်းးသင့်တဲ့ မျက်နှာ
သနားစရာ ကျန်ရစ် ၊
အားနာလိုက်တာကွယ်
မရည်ရွယ်ခဲ့ပေမယ့်
ရည်ရွယ်ကာ တမင်လုပ်သလိုမို့
ကိုယ့်ကိုကိုယ် သံသယတွေနဲ့
နောင်တနွေ ရာသီထဲမှာ
ငိုပွဲတွေ ဖြစ် . . . . . ။
လှမ်းငေးဖို့ အလာ ၊
လိပ်ပြာ တစ်ကောင်က
တောင်ပံကို အသာဖွင့်လို့
ပန်းပွင့်ပေါ် ခြေစုံချတော့
ကြည့်မဝ သလိုနဲ့
အို . . . လှလိုက်တာ ၊
တို့ရောက်လာလို့
လိပ်ပြာငယ် ထိတ်ခါလန့်ကာ
တောင်ပံဖြန့် ပျံလေတော့
အလှဘဏ် ပန်းတစ်ပွင့်ရဲ့
အလွမ်းးသင့်တဲ့ မျက်နှာ
သနားစရာ ကျန်ရစ် ၊
အားနာလိုက်တာကွယ်
မရည်ရွယ်ခဲ့ပေမယ့်
ရည်ရွယ်ကာ တမင်လုပ်သလိုမို့
ကိုယ့်ကိုကိုယ် သံသယတွေနဲ့
နောင်တနွေ ရာသီထဲမှာ
ငိုပွဲတွေ ဖြစ် . . . . . ။
Labels:
ကဗျာအိမ်
ဆောင်းညလိပ်ပြာ
သူ ဘယ်မှာလဲ . . . .?
သူ ဘယ်မှာလဲ
သူ ဘယ်မှာလဲ
အသဲထဲက ကဗျာ ၊
အငမ်းမရပါပဲ
တမ်းတစွာ မြည်နေတော့
နှင်းရည်ဝေ ညချမ်းမှာ
လွမ်းလိုက်တာဟာ ၊
နေမထိ ထိုင်မသာနဲ့
မြင်မြင်ရာ အရုပ်ဆိုးလို့
ဝိုးတဝါး ရင်မှာဖြစ်တော့
စိတ်ညစ်ညစ်နဲ့ တို့လိပ်ပြာ
သူရှိရာ ပျံဝဲ ၊
အရိပ်ကလေးလိုပဲ
စိတ်အတွေး ချာချာလည်လို့
ပီပြင်မှု မရေမရာနဲ့
တွယ်တာသူ သူ့ကိုတွေ့တော့
ပျော်မွေ့သလို ရင်မှာဖြစ်ပေမယ့်
စိတ်ညစ်ပုံ ဖြေမပြေဘူး
ဆောင်းတစ္ဆေ ညချမ်းမှာ
လွမ်းမိနေဆဲ . . . . . ။
သူ ဘယ်မှာလဲ
သူ ဘယ်မှာလဲ
အသဲထဲက ကဗျာ ၊
အငမ်းမရပါပဲ
တမ်းတစွာ မြည်နေတော့
နှင်းရည်ဝေ ညချမ်းမှာ
လွမ်းလိုက်တာဟာ ၊
နေမထိ ထိုင်မသာနဲ့
မြင်မြင်ရာ အရုပ်ဆိုးလို့
ဝိုးတဝါး ရင်မှာဖြစ်တော့
စိတ်ညစ်ညစ်နဲ့ တို့လိပ်ပြာ
သူရှိရာ ပျံဝဲ ၊
အရိပ်ကလေးလိုပဲ
စိတ်အတွေး ချာချာလည်လို့
ပီပြင်မှု မရေမရာနဲ့
တွယ်တာသူ သူ့ကိုတွေ့တော့
ပျော်မွေ့သလို ရင်မှာဖြစ်ပေမယ့်
စိတ်ညစ်ပုံ ဖြေမပြေဘူး
ဆောင်းတစ္ဆေ ညချမ်းမှာ
လွမ်းမိနေဆဲ . . . . . ။
Labels:
ကဗျာအိမ်
အလွမ်းတစ်ပုဒ်
ဦး
ရူးတော့မယ်ကွယ် …။
နွေရဲ့နေ့လည် မိုးတိမ်ဖယ်တော့
ပျားငယ်မလာ လိပ်ပြာမဝဲ
နေကျဲကျဲမှာ ဝမ်းနည်းအားငယ်
စိုးစိတ်နွယ်တဲ့
ပန်းငယ်လို နွမ်း
လွမ်း……လွမ်းလွန်းလို့
တမ်း……တမ်းတလို့
ကျတဲ့မျက်ရည် ရေကြည်မတိတ်
မှေးမှိတ်မပျော် ဖြေဖျော်မရ
နေ့နဲ့ညမှား မရှက်အားဘူး
ဦး
ရူးတော့မယ်ကွယ်……….။
ရူးတော့မယ်ကွယ် …။
နွေရဲ့နေ့လည် မိုးတိမ်ဖယ်တော့
ပျားငယ်မလာ လိပ်ပြာမဝဲ
နေကျဲကျဲမှာ ဝမ်းနည်းအားငယ်
စိုးစိတ်နွယ်တဲ့
ပန်းငယ်လို နွမ်း
လွမ်း……လွမ်းလွန်းလို့
တမ်း……တမ်းတလို့
ကျတဲ့မျက်ရည် ရေကြည်မတိတ်
မှေးမှိတ်မပျော် ဖြေဖျော်မရ
နေ့နဲ့ညမှား မရှက်အားဘူး
ဦး
ရူးတော့မယ်ကွယ်……….။
Labels:
ကဗျာအိမ်
ဆွေးငိုမှာပဲ
အမျက်မာန် မီးမြှားနဲ့
ရင်ကိုပစ်ခွင်းသွား ခဲ့သူရေ ၊
တို့အသဲတွေ ကြွေလို့
ဝေဒနာ အပူဆင့်ပေမယ့်
ရင်နင့်အောင် အစဉ်ချစ်သူမို့
အပြစ်ယူ မဆိုရက်ပါပဲ
ဖြေသိမ့်လျှက်ပါလေ ၊
မာယာရှင် ကဝေသို့
တို့ကိုလေ လှည့်ကာတိမ်းကာ
သူစိမ်းတွေ ဆန်ဆန်နဲ့
မမြင်ဟန် အစဉ်ပြစေတော့
ရင်ထဲက ချစ်မပြေ
ခွင့်လွတ်နေ မှာပါပဲ ၊
သူကျေနပ်မယ်ဆိုရင်လဲ
ရင်ကိုပဲ ခွဲခွဲ
အသဲကိုပဲ ချွေချွေ
အပြုံးနဲ့ အစဉ်နေလို့
တို့ကိုလေ သူမမြင်လောက်မှ
တစ်ယောက်ထဲ အရှိုက်တငင်နဲ့
သူ့ကျောပြင် မျှော်ကာငေးလို့
ဆွေးငိုမှာပဲ ………။
ရင်ကိုပစ်ခွင်းသွား ခဲ့သူရေ ၊
တို့အသဲတွေ ကြွေလို့
ဝေဒနာ အပူဆင့်ပေမယ့်
ရင်နင့်အောင် အစဉ်ချစ်သူမို့
အပြစ်ယူ မဆိုရက်ပါပဲ
ဖြေသိမ့်လျှက်ပါလေ ၊
မာယာရှင် ကဝေသို့
တို့ကိုလေ လှည့်ကာတိမ်းကာ
သူစိမ်းတွေ ဆန်ဆန်နဲ့
မမြင်ဟန် အစဉ်ပြစေတော့
ရင်ထဲက ချစ်မပြေ
ခွင့်လွတ်နေ မှာပါပဲ ၊
သူကျေနပ်မယ်ဆိုရင်လဲ
ရင်ကိုပဲ ခွဲခွဲ
အသဲကိုပဲ ချွေချွေ
အပြုံးနဲ့ အစဉ်နေလို့
တို့ကိုလေ သူမမြင်လောက်မှ
တစ်ယောက်ထဲ အရှိုက်တငင်နဲ့
သူ့ကျောပြင် မျှော်ကာငေးလို့
ဆွေးငိုမှာပဲ ………။
Labels:
ကဗျာအိမ်
အနီးဆုံးအဝေး
အနေကျွမ်းပေမယ့်
လှမ်းရမှာ ခက်တယ်ဟာ ၊
သူငယ်ချင်း သစ္စာနဲ့
သိက္ခာကို ကိုယ်တိုင်ဖျက်လို့
ချစ်တာကို မဆိုရက်တော့
မြိုဝှက်လို့ တွယ်တာ ၊
သူမသိပေမယ့်
သူငြိတွယ် အစဉ်အမြဲ
သူရှိတဲ့ တို့ရင်ထဲ
ကြည်နူးတယ် တကယ်ပဲမို့
ချစ်အသဲ ဝဲချာချာ
လွဲခါတယ် တအား ၊
တိတ်တခိုးနဲ့ပဲ
မြတ်နိုးသူ တို့ရင်ထဲမှာ
သူငယ်ချင်းသိက္ခာကြောင့်
ချစ်တာကို မဆိုရက်တော့
မျက်နှာချင်း အကျွမ်းတဝင်နဲ့
သူ့တွေ့ရင် အနေခက်ပါရဲ့
ရင်ထက်မှာ အခြေပျက်လို့
ရှက်တယ် သိလား . . . . . ။
လှမ်းရမှာ ခက်တယ်ဟာ ၊
သူငယ်ချင်း သစ္စာနဲ့
သိက္ခာကို ကိုယ်တိုင်ဖျက်လို့
ချစ်တာကို မဆိုရက်တော့
မြိုဝှက်လို့ တွယ်တာ ၊
သူမသိပေမယ့်
သူငြိတွယ် အစဉ်အမြဲ
သူရှိတဲ့ တို့ရင်ထဲ
ကြည်နူးတယ် တကယ်ပဲမို့
ချစ်အသဲ ဝဲချာချာ
လွဲခါတယ် တအား ၊
တိတ်တခိုးနဲ့ပဲ
မြတ်နိုးသူ တို့ရင်ထဲမှာ
သူငယ်ချင်းသိက္ခာကြောင့်
ချစ်တာကို မဆိုရက်တော့
မျက်နှာချင်း အကျွမ်းတဝင်နဲ့
သူ့တွေ့ရင် အနေခက်ပါရဲ့
ရင်ထက်မှာ အခြေပျက်လို့
ရှက်တယ် သိလား . . . . . ။
Labels:
ကဗျာအိမ်
Monday, February 4, 2013
မနှောက်နဲ့နော်
သူများကဖြင့် အရှက်ပို
ရနံ့ပင် မဆမ်းသေးတဲ့
အရိုင်းပန်းကလေးပါ ဆို ၊
ဟိုလိုလို ဒီလိုလိုနဲ့
သူများကို လက်ကမ်းလို့
အကဲစမ်းကာ နေတော့
ကြက်သီးတွေ တဖြန်းဖြန်းနဲ့
ကြမ်းကြမ်းလေး ရင်ဖို ၊
စိတ်တထင့်ထင့်နဲ့
ဒီကဖြင့် ရင်ခုန်လို့
ချစ်ပန်းငုံ တကယ်ပွင့်တော့
သူကဖြင့် မမှုသလို
သူများကို သိလား ၊
ချာတိတ် ချာတိတ်နဲ့
စိတ်ဆိုးအောင် တမင်ခေါ်လို့
“ခင်မယ်နော် ” ဆိုတဲ့တေးစုံနဲ့
ယုန်ရုပ်ရေးရုံထက် မပိုတော့
တအားကို ရင်နာစိတ်တွေနဲ့
သိပ်အသဲယား . . . . .။
ရနံ့ပင် မဆမ်းသေးတဲ့
အရိုင်းပန်းကလေးပါ ဆို ၊
ဟိုလိုလို ဒီလိုလိုနဲ့
သူများကို လက်ကမ်းလို့
အကဲစမ်းကာ နေတော့
ကြက်သီးတွေ တဖြန်းဖြန်းနဲ့
ကြမ်းကြမ်းလေး ရင်ဖို ၊
စိတ်တထင့်ထင့်နဲ့
ဒီကဖြင့် ရင်ခုန်လို့
ချစ်ပန်းငုံ တကယ်ပွင့်တော့
သူကဖြင့် မမှုသလို
သူများကို သိလား ၊
ချာတိတ် ချာတိတ်နဲ့
စိတ်ဆိုးအောင် တမင်ခေါ်လို့
“ခင်မယ်နော် ” ဆိုတဲ့တေးစုံနဲ့
ယုန်ရုပ်ရေးရုံထက် မပိုတော့
တအားကို ရင်နာစိတ်တွေနဲ့
သိပ်အသဲယား . . . . .။
Labels:
ကဗျာအိမ်
ရှက်တယ်နော်...သွား
ဘယ်သူမြင် ဘယ်သူသိမှာလဲ
ဒီရင်ထဲ သူရှိတယ် ၊
တရစ်ဝဲ လည်လည်နဲ့
သူ့ငှက်ငယ် အရိပ်ပူးလို့
စိတ်ကူးဖလှယ် ၊
ပိတောက်ပွဲမှာလဲ
နှစ်ယောက်ထဲပါပဲ
ချစ်ရည်ရွှဲ ဝင်္ကပါနဲ့
ရင်ထဲမှာ ကြိတ်ရူးလို့
မအိပ်ဘူး တကယ်
သိပ်ပျော်တယ် သိလား ၊
ဟင်းနော်
ချစ်အဖော် အရိပ်ဦးမှာ
တိတ်တိတ်ရူး ဆိုပေမယ့်
စိတ်ကူးကို နင်းကျော်လို့
အတင်းနော် လာမဖက်နဲ့
အို . . . . . . . . . . .
ရှက်တယ်နော် . . .သွား ။
ဒီရင်ထဲ သူရှိတယ် ၊
တရစ်ဝဲ လည်လည်နဲ့
သူ့ငှက်ငယ် အရိပ်ပူးလို့
စိတ်ကူးဖလှယ် ၊
ပိတောက်ပွဲမှာလဲ
နှစ်ယောက်ထဲပါပဲ
ချစ်ရည်ရွှဲ ဝင်္ကပါနဲ့
ရင်ထဲမှာ ကြိတ်ရူးလို့
မအိပ်ဘူး တကယ်
သိပ်ပျော်တယ် သိလား ၊
ဟင်းနော်
ချစ်အဖော် အရိပ်ဦးမှာ
တိတ်တိတ်ရူး ဆိုပေမယ့်
စိတ်ကူးကို နင်းကျော်လို့
အတင်းနော် လာမဖက်နဲ့
အို . . . . . . . . . . .
ရှက်တယ်နော် . . .သွား ။
Labels:
ကဗျာအိမ်
သိပ်ပျော်တာပဲ
![]() |
| Add caption |
ပိတောက်ဆို ပိတောက်လို့
ခေတ်အောက်ဖွယ် ဒီအသုံးတွေနဲ့
သီကုံးကာ ပမာနှိုင်းရရင်
ရိုင်းပြမယ် ထင်တယ် ၊
ချစ်ရက်ရှည် တိတ်တခိုးနဲ့
မြတ်နိုးသူ တို့ရင်ထဲမှာ
အသည်း ရွှေပလ္လင်ပြိုလို့
ညညဆို အိပ်မရ
သူမှ သူရယ် ၊
မကြေငြာတတ်သူမို့
ချစ်သဲအူ သူမသိပေမယ့်
ချစ်မိသူ တို့ရင်ထဲမှာတော့
ကြင်နာတဲ့ပွဲ ရောင်စုံခြယ်
ကြည်နူးတယ် အမြဲ ၊
သူမသိပေမယ့်လဲ
သူရှိတဲ့ တို့ရင်ထဲ
မခံချိမခံသာ အဖြစ်မသဲပါဘူး
ရင်ထဲ ထားခွင့်ရရုံနဲ့
ပွင့်ချပ်တွေ တကယ်စုံလို့
ရွက်ချပ်အုံ ခြုံအရိပ်မှာ
သိပ်ပျော်တာပဲ . . . . . . ။
Labels:
ကဗျာအိမ်
ပျော်လိုက်မှာပဲ
ဖက်ထားနော် . . . ကွယ် ၊
အပြစ်ရယ် မမြင်ပါပဲ
ရင်ခွင်မှာ အချစ်ပန်းတွေနဲ့
ပွင့်လန်းပါ့မယ် ၊
အကြင်နာ တိမ်းပါးလို့
စိမ်းကားစွာ ပစ်မသွားရင်ပဲ
တွယ်တာစိတ်များနဲ့ ကျီစယ်
ကြည်နူးမယ် ရင်ထဲ ၊
သခင်ရယ်
မာလာငွေ သစ္စာဦးမှာ
သီကျူးစရာ ကဗျာချိုချိုမရှိပါလဲ
နေမထိထိုင်မသာ အဖြစ်မသဲပါဘူး
ကျန်ရစ်သူမဖြစ်ရင် ကျေနပ်ပါရဲ့
ချစ်တတ်ခဲ့လွန်းသူမို့
လမ်းအတူ ထွက်အလျှောက်မှာ
ပြောင်မြောက်စွာ သခင်ရိုက်စေတော့
ပျော်လိုက်မှာပဲ . . . . . ။
အပြစ်ရယ် မမြင်ပါပဲ
ရင်ခွင်မှာ အချစ်ပန်းတွေနဲ့
ပွင့်လန်းပါ့မယ် ၊
အကြင်နာ တိမ်းပါးလို့
စိမ်းကားစွာ ပစ်မသွားရင်ပဲ
တွယ်တာစိတ်များနဲ့ ကျီစယ်
ကြည်နူးမယ် ရင်ထဲ ၊
သခင်ရယ်
မာလာငွေ သစ္စာဦးမှာ
သီကျူးစရာ ကဗျာချိုချိုမရှိပါလဲ
နေမထိထိုင်မသာ အဖြစ်မသဲပါဘူး
ကျန်ရစ်သူမဖြစ်ရင် ကျေနပ်ပါရဲ့
ချစ်တတ်ခဲ့လွန်းသူမို့
လမ်းအတူ ထွက်အလျှောက်မှာ
ပြောင်မြောက်စွာ သခင်ရိုက်စေတော့
ပျော်လိုက်မှာပဲ . . . . . ။
Labels:
ကဗျာအိမ်
သဲသဲရှက်ရှက်
ဘယ်သူမြင် ဘယ်သူသိမှာလဲ
ဒီရင်ထဲ သူရှိတယ် ၊
တရစ်ဝဲ လည်လည်နဲ့
သူ့ငှက်ငယ် အရိပ်ပူးလို့
စိတ်ကူးဖလှယ် ၊
ပိတောက်ပွဲမှာလဲ
နှစ်ယောက်ထဲပါပဲ
ချစ်ရည်ရွှဲ ဝင်္ကပါနဲ့
ရင်ထဲမှာ ကြိတ်ရူးလို့
မအိပ်ဘူး တကယ်
သိပ်ပျော်တယ် သိလား ၊
ဟင်းနော်
ချစ်အဖော် အရိပ်ဦးမှာ
တိတ်တိတ်ရူး ဆိုပေမယ့်
စိတ်ကူးကို နင်းကျော်လို့
အတင်းနော် လာမဖက်နဲ့
အို . . . . . . . . . . .
ရှက်တယ်နော် . . . သွား ။
ဒီရင်ထဲ သူရှိတယ် ၊
တရစ်ဝဲ လည်လည်နဲ့
သူ့ငှက်ငယ် အရိပ်ပူးလို့
စိတ်ကူးဖလှယ် ၊
ပိတောက်ပွဲမှာလဲ
နှစ်ယောက်ထဲပါပဲ
ချစ်ရည်ရွှဲ ဝင်္ကပါနဲ့
ရင်ထဲမှာ ကြိတ်ရူးလို့
မအိပ်ဘူး တကယ်
သိပ်ပျော်တယ် သိလား ၊
ဟင်းနော်
ချစ်အဖော် အရိပ်ဦးမှာ
တိတ်တိတ်ရူး ဆိုပေမယ့်
စိတ်ကူးကို နင်းကျော်လို့
အတင်းနော် လာမဖက်နဲ့
အို . . . . . . . . . . .
ရှက်တယ်နော် . . . သွား ။
Labels:
ကဗျာအိမ်
,ယစ်မူးတာ လျော့
![]() |
| Add caption |
ဆယ့်သုံးနှစ် ဒီအရွယ် ၊
သစ်ရွက်ကြွေတိုင်းရယ်တဲ့
အရိုင်းမ ခပ်ငယ်ငယ်မို့
ရင်ခုန်ဖွယ် အချစ်ဦးမှာမှ
ယစ်မူးလှတယ် ၊
ညီမလေးရယ်
ဆိပ်ဆူးကို အဖော်ထင်လို့
သိပ်ရူးကာ မပျော်ချင်နဲ့
စိတ်ကူးတွေ တကယ်ပြင်ဦး
ငယ်ရွယ်စဉ် ဒီအခိုက်မှာမှ
ကြိုက်ရဲစွာ အလိုက်လွဲရင်တော့
အမိုက်ထဲ နင်မလွယ်
အဖတ်ဆယ်မရ ဖြစ်မှာပေါ့ ၊
အထက်တန်းဆီသို့
တက်လမ်းတွေ နွံမနစ်ရအောင်
လုံ့လရှင် လူငယ်ပီပီပေါ့
နှလုံးရည် မပျက်တမ်းပါပဲ
ပြဌာန်းချက် ထုတ်ပြန်လို့
ရင်ခုန်သံ အချစ်ဆူးတွေကြောင့်
ပုံမမှန် ဟစ်မရူးပါနဲ့
ညီမလေးရေ ………
ယစ်မူးတာ လျော့ …...။
Labels:
ကဗျာအိမ်
,လွမ်းသူရဲ့ပွဲ
ဝေးကြပြီလေ……..၊
စိတ်ကိုဖြေလည်း ဖြေရန်ခဲခက်
နီးရက်ကိုသာ မျှော်မိပါတယ် ၊
မောလိုက်ကွယ်
ရင်ဝယ်ပဲ့ခြမ်း ယဲ့နွမ်းနွမ်းမို့
အလွမ်းတောင်ညို ပြိုဖို့ငိုလည်း
အို. . .ဒီအလွမ်း သူ့ဇာတ်လမ်းရှည်
မဆုံးပြီပဲ ၊
လွမ်းသူရဲ့ ပွဲ ငါမနွှဲလို
တောင်းဆုဆိုလည်း ဆိုလို့မရ
ကျတဲ့မျက်ရည် ဖွဲ့ကာသီရင်း
ဖြေဆည်ဝေးနေ လွမ်းဝေဝေမိ ၊
ကျေ ကျေစေတော့ ရင်ကိုကော့လည်း
ဖြူဖျော့သောရင် နာကျင်နေမြဲ ၊
နေကျဲကျဲထဲ အားခဲလည်းလေ
ဖူးဝေလုလု ရွက်ကြွေနုလို
ရင်ထုတခို လွမ်းတေးဆိုရင်း
အို . . . ပါဝင်တင်ဆက်နေရသူ . . . .။
စိတ်ကိုဖြေလည်း ဖြေရန်ခဲခက်
နီးရက်ကိုသာ မျှော်မိပါတယ် ၊
မောလိုက်ကွယ်
ရင်ဝယ်ပဲ့ခြမ်း ယဲ့နွမ်းနွမ်းမို့
အလွမ်းတောင်ညို ပြိုဖို့ငိုလည်း
အို. . .ဒီအလွမ်း သူ့ဇာတ်လမ်းရှည်
မဆုံးပြီပဲ ၊
လွမ်းသူရဲ့ ပွဲ ငါမနွှဲလို
တောင်းဆုဆိုလည်း ဆိုလို့မရ
ကျတဲ့မျက်ရည် ဖွဲ့ကာသီရင်း
ဖြေဆည်ဝေးနေ လွမ်းဝေဝေမိ ၊
ကျေ ကျေစေတော့ ရင်ကိုကော့လည်း
ဖြူဖျော့သောရင် နာကျင်နေမြဲ ၊
နေကျဲကျဲထဲ အားခဲလည်းလေ
ဖူးဝေလုလု ရွက်ကြွေနုလို
ရင်ထုတခို လွမ်းတေးဆိုရင်း
အို . . . ပါဝင်တင်ဆက်နေရသူ . . . .။
Labels:
ကဗျာအိမ်
ကျွန်မ ပန်းသည်
သဘာဝ စန်းတွေနဲ့
အလှပန်း ပီပီ ၊
ရှေးကုသိုလ် ကံမမှီတော့
လေနီနီ ဘဝကြမ်းတွေနဲ့
ငွေဇာခြည် အလှနွမ်းပါရဲ့
ကျွန်မ ပန်းသည် ၊
မဝယ်ဘူး
ကိုယ်တိုင်ခူး ကိုယ်တိုင်သီ
ညီညီစီ ခရေကုံး ၊
ဦးဦး, ဒေါ်ဒေါ်တို့
မမ, ကိုကိုတို့
မြတ်ကုသိုလ် မင်္ဂလာနှင့်
ကေသာမှာ ဆင်ကာသ,ရအောင်
ဝယ်ကြပါဦး ………။
အလှပန်း ပီပီ ၊
ရှေးကုသိုလ် ကံမမှီတော့
လေနီနီ ဘဝကြမ်းတွေနဲ့
ငွေဇာခြည် အလှနွမ်းပါရဲ့
ကျွန်မ ပန်းသည် ၊
မဝယ်ဘူး
ကိုယ်တိုင်ခူး ကိုယ်တိုင်သီ
ညီညီစီ ခရေကုံး ၊
ဦးဦး, ဒေါ်ဒေါ်တို့
မမ, ကိုကိုတို့
မြတ်ကုသိုလ် မင်္ဂလာနှင့်
ကေသာမှာ ဆင်ကာသ,ရအောင်
ဝယ်ကြပါဦး ………။
Labels:
ကဗျာအိမ်
အမည်မသိအလွမ်း
ရူးတယ်ပဲ ဆိုမယ် ၊
မမြင်ဖူးပါပဲနဲ့
စိတ်ကူးယဉ် အိမ်ဆောက်လို့
တစ်ယောက်ထဲ အိပ်မက်နေမိတာကိုတော့
ကိုယ့်ဘာသာ ဖုံးကာဖွက်ကာ
တွေးရှက်ပါတယ် ၊
ရှေးရေစက် ဝေးလံလို့
သူ့သဏ္ဌာန် မြင်ရန်ခက်ပေမယ့်
အိပ်မက်ထဲမှာတော့ ရဟတ်သဖွယ်
ပတ်ချာလည်လို့ နေခဲ့ ၊
မိုးကြိုးပစ်ပါစေရဲ့
ကိုယ့်အဖြစ် ကိုယ်ရှက်လို့
အိပ်မက်တွေ ပျံအထွက်မှာတော့
ကာရန်ပျက် စကားတွေနဲ့
ဝိုးတဝါး ဖွဲ့သီဆိုလို့
သူ့ပုံကို မိတ္တူဖမ်းကာ
လွမ်းမိပါရဲ့ . . . . . . . . . .။
Labels:
ကဗျာအိမ်
Subscribe to:
Posts (Atom)



















































